သပိတ်ကျင်းမြို့နယ် ကိုးပင်ကျေးရွာအနီး၌ စစ်ကောင်စီတပ်မှ သတ်ဖြတ်သွားသည့် အရပ်သား(၃)ဦး အလောင်းများတွေ့

သပိတ်ကျင်းမြို့နယ် ကိုးပင်ကျေးရွာအနီး၌ စစ်ကောင်စီတပ်မှ သတ်ဖြတ်သွားသည့် အရပ်သား(၃)ဦး အလောင်းများတွေ့

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ကိုးပင်ကျေးရွာအနီး၌ စစ်ကောင်စီတပ်မှ သတ်ဖြတ်သွားသည့် အရပ်သား(၃)ဦးအလောင်းများကို ၂၀၂၃ခုနှစ် ဇွန်လ(၁၅)ရက်နေ့ နံနက်ပိုင်းက တွေ့ရှိခဲ့ကြောင်း သိရသည်။



သေဆုံးသူများမှာ အမျိုးသားများဖြစ်ပြီး ကိုးပင်ရွာအနီးမှ ဒေသခံများမဟုတ်ဘဲ စစ်ကောင်စီတပ်များ ဖမ်းဆီးလာသူများဖြစ်ကာ မည်သည့်ကျေးရွာကဆိုသည်ကို မသိ‌ရသေးဟု Thabeikkyin Revolution-TR က ယနေ့ဇွန်လ(၁၆)ရက်နေ့တွင် ဖော်ပြထားသည်။



ဒေသခံများ၏‌ပြောဆိုချက်အရ စစ်ကောင်စီတပ်သားများသည် မိုင်းထောင်သွားစဥ် အဆိုပါအမျိုးသား(၃)ဦးကို ခေါ်ဆောင်လာခဲ့ကာ မိုင်းပစ္စည်များ သယ်ခိုင်းကြောင်းနှင့် ထောင်ပြီးသည့်အခါ နှုတ်ပိတ်သည့် အနေဖြင့် ပစ်သတ်သွားခြင်းဖြစ်သည်ဟု ဆိုသည်။



#TachileikNewsAgency