ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို ဝင်ပစ်ရာ လက်နက်ခဲယမ်းများရရှိ

ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို ဝင်ပစ်ရာ လက်နက်ခဲယမ်းများရရှိ

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်ကို ၂၀၂၃ခုနှစ် ဇူလိုင်လ (၃၀)ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၆)ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ဒီပဲယင်းမြို့အပြင်ဘက် ဆီဆိုင်အနီးတွင် ဖွင့်လှစ်ထားသည့် စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို ယင်းမာပင်ခရိုင် တပ်ရင်း(၃၀) အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော်-DRPA နှင့် Local Mobile Team(Depayin)တို့က ယင်းနေ့ ညနေပိုင်းတွင် ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုမှ စစ်ကောင်စီတပ်သားများ၏ လက်လုပ် ပစ္စတိုတစ်လက်၊ အီနာဂါ ဗုံးသီး(၂)လုံး၊ ကျည်ကာ(၂)ထည်၊ ကျည်ဘောက်များ၊ ကျည်မျိုးစုံနှင့် MA 1 (၂)လက်၊ MA 3 တစ်လက်တို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု ယင်းမာပင်ခရိုင် တပ်ရင်း(၃၀) အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် - DRPA က ယနေ့ ဇူလိုင်လ (၃၁)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo : အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် - DRPA