ကလေးနှင့် သံဃာများအပါအဝင် စုစုပေါင်း ၁၇ ဦးလိုက်လာသည့် အိမ်စီးယာဉ်ငယ် တိမ်းမှောက်

ကလေးနှင့် သံဃာများအပါအဝင် စုစုပေါင်း ၁၇ ဦးလိုက်လာသည့် အိမ်စီးယာဉ်ငယ် တိမ်းမှောက်
ဇန်နဝါရီ 26, 2024 | 2021 Military Coup| အခြားဒေသများ

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ၁၇ ဦးလိုက်ပါလာသည့် မော်တော်ယာဉ်ငယ်တစ်စီး တိမ်းမှောက်၍ ၇ ဦး ဒဏ်ရာရသွားကြောင်း သိရသည်။

အဆိုပါ အိမ်စီးယာဉ်ငယ်သည် ရန်ကုန်-မန္တလေး အမြန်လမ်းမ မိုင်တိုင်အမှတ် (၃၅/၅)နှင့် (၃၅/၆)ကြားတွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၂၆)ရက်နေ့ နံနက် (၇)နာရီဝန်းကျင်တွင် တိမ်းမှောက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာဉ်ငယ်တွင် ကလေး (၁)ဦး၊ အမျိုးသမီး (၈)ဦး၊ သံဃာ (၃)ပါးနှင့် အမျိုးသား (၅)တို့ လိုက်ပါလာခြင်းဖြစ်သည်ဟု ယာဉ်တိုက်မှုအား သတင်းထုတ်ပြန်သည့် မီးသတ်တပ်ဖွဲ့၏ ဖေါ်ပြချက်အရ သိရသည်။

#TachileikNewsAgency 

Photo: MFSD