စစ်ကောင်စီက ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ရွှေဆံတော်ဘုရားကို ဖျက်ဆီးနေ

စစ်ကောင်စီက ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ရွှေဆံတော်ဘုရားကို ဖျက်ဆီးနေ
ဇန်နဝါရီ 30, 2024 | 2021 Military Coup| အခြားဒေသများ

မန္တလေးတိုင်း ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရွှေဆံတော်ဘုရားတွင် PVCပိုက်မြှုပ်ရန်အတွက် စစ်ကောင်စီ၏ ဌာနဆိုင်ရာက ကြမ်းခင်းကို တူးနေသည့် ဓာတ်ပုံ ယနေ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၃၀)ရက်နေ့တွင် လူမှုကွန်ယက်စာမျက်နှာတွင် ပျံ့နှံလာဖြင့် ဝေဖန်မှု မြင့်တက်နေသည်။

အမျိုး၊ ဘာသာ၊ သာသနာကို နိုင်ငံရေးအတွက် အသုံးချနေသည့်စစ်ကောင်စီ၏ ယခုလုပ်ရပ်သည် ဘာသာ၊ သာသနာကို ဖျက်ဆီးနေခြင်းဖြစ်သည်ဟု ဝေဖန်ပြောဆိုကြသည်။

"အရင်အဟောင်းအုတ်တွေကို အပေါ်ကနေ အသစ်လုပ်ထားတာလည်းရှိတယ်။ အခုလိုတူးတော့ ရှိရင်းစွဲ အဟောင်းတွေလည်းပါကုန်တယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်ကလည်း ပုဂံဘုရားများအနီးတွင် ရေမြောင်းတူးခြင်း၊ တိရိစ္ဆာန်မွေးမြူခြင်းများကို စစ်ကောင်စီက ပြုလုပ်ခဲ့သဖြင့် ဝေဖန်မှု မြင့်တက်ခဲ့သေးသည်။

ပုဂံသည် ကမ္ဘာ့အမွေအနှစ် ယူနက်စကိုစာရင်းဝင်ထားသည့် နေရာဖြစ်သဖြင့် စီမံကိန်းလုပ်မည်ဆိုပါက HIA(Heritage Impact Assessment)ဟုခေါ်သော အမွေအနှစ် ထိခိုက်မှု ဆန်းစစ်ချက်ကို အစိုးရမဟုတ်သော အရပ်ဖက်အဖွဲ့အစည်းတစ်ခုက လုပ်ဆောင်ပြီး ရရှိလာသည့် အစီရင်ခံစာကို ပြည်သူလူထုထံ တင်ပြပြီးမှာသာ ဆက်လက်လုပ်ဆောင်သင့်ကြောင်း ဝေဖန်ထောက်ပြနေသည်။

#TachileikNewsAgency