မိုးကုတ်နှင့် လားရှိုးမြို့တို့တွင် စစ်ကောင်စီတပ်နှင့် TNLAတို့ တိုက်ပွဲပြင်းထန်နေ

မိုးကုတ်နှင့် လားရှိုးမြို့တို့တွင် စစ်ကောင်စီတပ်နှင့် TNLAတို့ တိုက်ပွဲပြင်းထန်နေ
စက်တင်ဘာ 8, 2023 | 2021 Military Coup| ရှမ်းမြောက်

မန္တလေးတိုင်း မိုးကုတ်မြို့နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တို့တွင် စစ်ကောင်စီတပ်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့အကြား တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

ယနေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၈)ရက်နေ့တွင် မိုးကုတ်မြို့နယ် လဲကြီးနှင့် တောင်နီအကြား၊ ယမန်နေ့ စက်တင်ဘာလ (၇)ရက်နေ့က လားရှိုးမြို့နယ် မုန်းလီနှင့် ကောင်းဆာအကြားတို့တွင် စစ်ကောင်စီတပ်နှင့် TNLAတို့ တိုက်ပွဲပြင်ထန်ခဲ့‌ကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်းက အင်အားအများအပြားတင်ဆောင်ကာ တောင်နီမှ လဲကြီးသို့ စစ်အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီတပ် တပ်မ (၈၈)၊ လပခ - ခလရ(၇၁)နှင့် TNLA တပ်မဟာ (၄)တပ်ရင်း (၅၉၃)တို့ တောင်နီနှင့် လဲကြီးအကြားတွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်နေဆဲဖြစ်ကြောင်း သိရသည်။  

ယမန်နေ့က လားရှိုးမြို့နယ်မှ သိန္နီသို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်နှင့် TNLAတို့ မုန်းလီနှင့် ကောင်းဆာအကြားတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။

စစ်ကောင်စီတပ်သည် စစ်အင်အား အလုံးအရင်း ဖြည့်တင်းလာခြင်းနှင့် ထိုးစစ်ဆင်မှုများကို နေ့စဉ်ပြုလုပ်လာပြီး TNLA နှင့် စစ်ကောင်စီတပ်တို့အကြား နေ့စဉ် တိုက်ပွဲပြင်းထန်နေကာ ဇူလိုင်လ (၂၃)ရက်နေ့မှ ယနေ့အထိ တိုက်ပွဲပေါင်း (၃၆)ကြိမ် ဖြစ်ပွားခဲ့သည်ဟု TNLA သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။

#TachileikNewsAgency