လားရှိုးမြို့နယ်အတွင်း ငါးပါးသီလသင်္ချိုင်းအနီးတွင် အမျိုးသားတစ်ဦး လက်ကို ချည်နှောက်ပြီး သေနတ်ဖြင့် ပစ်သတ်ခံထားရ

Photo: လားရှိုးလူငယ်များလူမှုကူညီရေးအသင်း
Photo: လားရှိုးလူငယ်များလူမှုကူညီရေးအသင်း
လားရှိုးမြို့နယ်အတွင်း ငါးပါးသီလသင်္ချိုင်းအနီးတွင် အမျိုးသားတစ်ဦး လက်ကို ချည်နှောက်ပြီး သေနတ်ဖြင့် ပစ်သတ်ခံထားရ

 ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ ကောင်းကြဲ(အီ)ကျေးရွာအုပ်စု၊ ခိုက်ချန်ကျေးရွာရှိ ငါးပါးသီလသင်္ချိုင်းအနီးတွင် အမျိုးသားတစ်ဦး လက်ကို ကြိုးတုပ်ပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။



ငါးပါးသီလသင်္ချိုင်းအနီးတွင် အမျိုးသားတစ်ဦး သေဆုံးနေကြောင်းကို ၂၀၂၃ခုနှစ် မေလ(၂၇)ရက်နေ့ နေ့လည်(၂)နာရီမထိုးမီက ရဲတပ်ဖွဲ့မှ တွေ့ရှိ၍ သွားရောက် စစ်ဆေးရာ သေဆုံးသူမှာ လက်နှစ်ဖက် ချည်နှောင်ခံထားရပြီး ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးနေခြင်း ဖြစ်ကြောင်း သိရသည်။

သေဆုံးသူ၏ အလောင်းအား လားရှိုးလူငယ်များလူမှုကူညီရေးအသင်းက သယ်ဆောင်ပြီး လားရှိုးဆေးရုံကြီးရှိ ရင်ခွဲရုံသို့ ကူညီပို့ဆောင်ပေးထားကြောင်း သိရသည်။

သေဆုံးသူ၏ အမည်နှင့်နေရပ်လိပ်စာကို မသိရသေးကြောင်း သိရသည်။