ေနာင္ခ်ဳိအ၀င္ အိုရီယမ္တယ္တိုးဂိတ္တြင္ ခရီးသည္အမ်ဳိးသမီးထံက ဘိန္းျဖဴမ်ား ဖမ္းဆီးရမိ

ေနာင္ခ်ဳိအ၀င္ အိုရီယမ္တယ္တိုးဂိတ္တြင္ ခရီးသည္အမ်ဳိးသမီးထံက ဘိန္းျဖဴမ်ား ဖမ္းဆီးရမိ
ဖေဖော်ဝါရီ 18, 2019
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ေနာင္ခ်ိဳၿမိဳ႕အဝင္ အိုရီယမ္တယ္တိုးဂိတ္တြင္ ေက်ာက္မဲဘက္မွ မႏၱေလးဘက္သို႔ ေမာင္းႏွင္လာသည့္ ခရီးသည္တင္ယာဥ္တစ္စီးတြင္ လိုက္ပါလာသည့္ ခရီးသည္အမ်ိဳးသမီးတစ္ဦးကို ဘိန္းျဖဴ (၁.၇၆)ကီလိုျဖင့္ ဖမ္းဆီးရမိထားေၾကာင္း သိရသည္။

မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕စု(၂၄)လားရႈိး (ေနာင္ခ်ိဳလႈပ္ရွား)မွ တပ္ဖြဲ႕ဝင္မ်ားသည္ စစ္ဘက္ေရးရာလံုၿခံဳေရးတပ္ဖြဲ႔မွ တပ္ဖြဲ႔ဝင္မ်ား၊ သတင္းရဲတပ္ဖြဲ႔မွ တပ္ဖြဲ႔ဝင္မ်ား၊ သက္ေသမ်ား ပါဝင္သည့္ အဖြဲ႕ႏွင့္ အတူ ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလ (၁၇)ရက္ေန႔ ညေန(၅)နာရီအခ်ိန္က ေနာင္ခ်ိဳၿမိဳ႕အဝင္၊ အုိရီယမ္တယ္တိုးဂိတ္အနီး၊ မူဆယ္ - မႏၱေလး သြား ကားလမ္းေပၚတြင္ ခရီးသည္တင္ယာဥ္တစ္စီးအား တားဆီးစစ္ေဆးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ခရီးသည္တင္ယာဥ္တြင္ လုိက္ပါလာသည့္ ေခ်ာစု၏ ခရီးေဆာင္ လက္ဆြဲအိတ္အတြင္းမွ ေရာင္စံုဆပ္ျပာခြက္ (၁၇၆) ခြက္ျဖင့္ ထည့္သြင္းသယ္ေဆာင္လာသည့္ ဘိန္းျဖဴအေလးခ်ိန္ (၁.၇၆) ကီလိုကို စစ္ေဆးေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

ဘိန္းျဖဴမ်ားကို လားရိႈးၿမိဳ႕မွ မႏၱေလးဘက္သို႔ အခေၾကးေငြယူ၍ သယ္ေဆာင္လာစဥ္ ဖမ္းဆီးခံရျခင္း ျဖစ္ေၾကာင္း သိရသည္။

ဘိန္းျဖဴမ်ားႏွင့္အတူ ဖမ္းမိသည့္ ေခ်ာစုအား ေနာင္ခ်ိဳၿမိဳ႕မရဲစခန္းတြင္ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆုိင္ရာဥပေဒျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

Tachileik News Agency



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့အဝင် အိုရီယမ်တယ်တိုးဂိတ်တွင် ကျောက်မဲဘက်မှ မန္တလေးဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင်ယာဉ်တစ်စီးတွင် လိုက်ပါလာသည့် ခရီးသည်အမျိုးသမီးတစ်ဦးကို ဘိန်းဖြူ (၁.၇၆)ကီလိုဖြင့် ဖမ်းဆီးရမိထားကြောင်း သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၂၄)လားရှိုး (နောင်ချိုလှုပ်ရှား)မှ တပ်ဖွဲ့ဝင်များသည် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ သတင်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ သက်သေများ ပါဝင်သည့် အဖွဲ့နှင့် အတူ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၇)ရက်နေ့ ညနေ(၅)နာရီအချိန်က နောင်ချိုမြို့အဝင်၊ အိုရီယမ်တယ်တိုးဂိတ်အနီး၊ မူဆယ် - မန္တလေး သွား ကားလမ်းပေါ်တွင် ခရီးသည်တင်ယာဉ်တစ်စီးအား တားဆီးစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ခရီးသည်တင်ယာဉ်တွင် လိုက်ပါလာသည့် ချောစု၏ ခရီးဆောင် လက်ဆွဲအိတ်အတွင်းမှ ရောင်စုံဆပ်ပြာခွက် (၁၇၆) ခွက်ဖြင့် ထည့်သွင်းသယ်ဆောင်လာသည့် ဘိန်းဖြူအလေးချိန် (၁.၇၆) ကီလိုကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

ဘိန်းဖြူများကို လားရှိုးမြို့မှ မန္တလေးဘက်သို့ အခကြေးငွေယူ၍ သယ်ဆောင်လာစဉ် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း သိရသည်။

ဘိန်းဖြူများနှင့်အတူ ဖမ်းမိသည့် ချောစုအား နောင်ချိုမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒဖြေင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~