ဖင်လန်တွင် ယာယီ လူကူးတံတားပြိုကျမှုကြောင့် ကလေးများအပါဝင် လူ (၂၇) ဦး ဒဏ်ရာရ 

Photo: Lehtikuva/Jussi Nukari, 
Photo: Lehtikuva/Jussi Nukari, 
ဖင်လန်တွင် ယာယီ လူကူးတံတားပြိုကျမှုကြောင့် ကလေးများအပါဝင် လူ (၂၇) ဦး ဒဏ်ရာရ 
By Mr John

 ဖင်လန်နိုင်ငံတွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု အနီးရှိ ယာယီ လူကူးတံတားတစ်စင်း ပြိုကျမှု ဖြစ်ပွားခဲ့ရာ ဆယ်ကျော်သက် ကလေးအများစု ပါဝင်သည့် လူငယ် (၂၇) ဦး ဒဏ်ရာခဲ့ကြောင်း သိရသည်။ 

ဖင်လန်နိုင်ငံ ဟယ်စင်ကီးမြို့တော်အနီး Espoo မြို့တွင်  အထပ်သားဖြင့် တည်ဆောက်ထားသည့် ယာယီ လူကူးတံတား ၂၀၂၃ခုနှစ် မေလ (၁၁) ရက်နေ့၏ ဒေသစံတော်ချိန် နံနက် (၉) နာရီ (၂၀) မိနစ်ဝန်းကျင်က ပြိုကျမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

တံတားပြိုကျမှုကြောင့် လူငယ်အုပ်စုမှာ အောက်ဘက်ရှိ လမ်းမတစ်ခုပေါ်သို့ (၅) မီတာမှ (၆) မီတာအထိ ပြုတ်ကျသွားခဲ့သည်။ 

ထိုဖြစ်ရပ်အတွင်း ဒဏ်ရာရသူ အများစုမှာ အသက် (၁၄) နှစ် သို့မဟုတ် (၁၅) နှစ်အရွယ်ရှိ ကျောင်းသား၊ ကျောင်းသူများဖြစ်ကြပြီး ကွင်းဆင်းလေ့လာရေး ခရီးစဥ်မှ ပြန်လာခဲ့ကြခြင်းဖြစ်ကြောင်း Espoo မြို့မှ အစိုးရအရာရှိများက ပြောသည်။ 

တံတားပြိုကျမှုအတွင်း ၎င်းတို့၏ ဆရာလည်း ဒဏ်ရာရခဲ့သည်။

ဒဏ်ရာရသူ (၂၄) ဦးကို ဟယ်စင်ကီးနယ်မြေရှိ ဆေးရုံများသို့ ပို့ဆောင်ခဲ့ကြောင်းနှင့် ဟယ်စင်ကီးဆေးရုံဌာန HUS ၏ အဆိုအရ အသက်အန္တရာယ်စိုးရိမ်ရသည့် ဒဏ်ရာရရှိသူ မရှိခဲ့ကြောင်း သိရသည်။ 

တံတားပြိုကျရသည့် အကြောင်းရင်းကို အတည်မပြုရသေးကြောင်းနှင့် စုံစမ်းစစ်ဆေးနေကြောင်း Espoo မြို့ အာဏာပိုင်များက ပြောသည်။

 

Source: Reuters, AFP