ထိုင်းဝန်ကြီးချုပ်၏ အမိန့်ကြေညာချက် ဥပဒေနှင့်မညီ၍ ပြန်လည်ရုပ်သိမ်းလိုက်ရ

ထိုင်းဝန်ကြီးချုပ်၏ အမိန့်ကြေညာချက် ဥပဒေနှင့်မညီ၍ ပြန်လည်ရုပ်သိမ်းလိုက်ရ
သြဂုတ် 12, 2021 | နိုင်ငံတကာသတင်း

လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်ကို ကန့်သတ်လိုက်သည့် အမိန့်ကြေညာချက်မှာ ဥပဒေနှင့်မညီကြောင်း တရားရုံးအမိန့်အရ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချောင်အိုချာက အမိန့်ကြေညာချက်ကို ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

အဆိုပါ အမိန့်ကြေညာချက်မှာ လူထု၏စိုးရိမ်ထိတ်လန့်မှုဖြစ်စေသည့် သတင်းမှားများပျံ့နှံ့မှုကို တားဆီးရန် အင်တာနက်အသုံးပြု၍ ရေးသားမှုများကို စိစစ်ရန် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ထိုင်းနိုင်ငံ ဥပဒေတွင် အဆိုပါကိစ္စများအတွက် ပြဌာန်းထားပြီး ဥပဒေရှိနေပြီး ဝန်ကြီးချုပ်ထုတ်ပြန်လိုက်သည့် အမိန့်ကြေညာချက်မှာ ဥပဒေကိုဆန့်ကျင်နေ၍ ဆိုင်းငံ့ထားရန် ဩဂုတ်လ (၆) ရက်နေ့တွင် တရားရုံးက အမိန့်ထုတ်ထားခြင်းဖြစ်သည်။

ဝန်ကြီးချုပ်ထုတ်ပြန်လိုက်သည့် အမိန့်ကြေညာချက်မှာ နိုင်ငံတွင်း  COVID 19 ထိန်းချုပ်ရေးနှင့် ကာကွယ်ဆေးထိုးလုပ်ငန်းများနှင့်ပတ်သက်၍ အစိုးရ၏လုပ်ကိုင်နေမှုများအား ဝေဖန်မှုများကို ဟန့်တားရန် ရည်ရွယ်ထုတ်ပြန်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အမိန့်ညွန်ကြားချက်ကို ချက်ချင်းသက်ဝင်ရန် ထိုင်းဝန်ကြီးချုပ် ပရာယွတ်က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။