ထိုင်းနိုင်ငံတွင် Facebook ကြော်ငြာဖြင့် ဖျားယောင်းပြီးရင်းနှီးမြှုပ်နှံငွေများ လိမ်လည်မှုအတွက် စုံတွဲတစ်တွဲကို ထောင်ဒဏ် နှစ်ပေါင်း (၁၂,၆၄၀) စီ ချမှတ်

ထိုင်းနိုင်ငံတွင် Facebook ကြော်ငြာဖြင့် ဖျားယောင်းပြီးရင်းနှီးမြှုပ်နှံငွေများ လိမ်လည်မှုအတွက် စုံတွဲတစ်တွဲကို ထောင်ဒဏ် နှစ်ပေါင်း (၁၂,၆၄၀) စီ ချမှတ်
By Mr John

 ထိုင်းနိုင်ငံတွင် Facebook ကြော်ငြာဖြင့် လူအများကို ဖျားယောင်း ဆွဲဆောင်၍ ငွေထည့်ဝင် ရင်းနှီးမြှုပ်နှံခိုင်းပြီး လိမ်လည်ခဲ့သည့် ဇနီးမောင်နှံ စုံတွဲတစ်တွဲကို တစ်ဦးလျှင် ထောင်ဒဏ် နှစ်ပေါင်း (၁၂,၆၄၀)စီ ချမှတ်လိုက်ကြောင်း သိရသည်။





ကနဦးတွင် ထိုစုံတွဲကို စုစုပေါင်း ထောင်ဒဏ် နှစ်ပေါင်း (၁၂,၆၄၀)စီ ကျခံရန် ပြစ်ဒဏ်ချမှတ်ခဲ့သော်လည်း ၎င်းတို့က ပြစ်မှုများကို ဝန်ခံလိုက်ကြသည့်အတွက် တစ်ဦးလျှင် ထောင်ဒဏ်ကို နှစ်ပေါင်း (၅,၀၅၆)သို့ လျှော့ပေါ့ပေးလိုက်ကြောင်းလည်း သိရသည်။



၎င်းတို့ လိမ်လည်သည့် နည်းလမ်းမှာ အနည်းဆုံး ရင်းနှီးမြှုပ်နှံရမည့် ထည့်ဝင်ငွေမှာ ဘတ် (၁,၀၀၀)ဟု သတ်မှတ်ထားပြီး ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် ထည့်ဝင်ငွေရင်း ဘတ် (၁,၀၀၀) နှင့် အကျိုးအမြတ်အဖြစ် ဘတ် (၉၃၀) ရရှိမည်ဟု မြူဆွယ်ကာ ဖိတ်ခေါ်ခဲ့ရာ ၎င်းတို့၏ အစီအစဥ်တွင် ပါဝင်ရင်းနှီးမြှုပ်နှံသူ (၂,၅၃၃)ဦးရှိခဲ့ပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံငွေမှာ ဘတ် (၁.၃)ဘီလီယံ ဖြစ်ကြောင်း သိရသည်။





ယခုအမှုတွင် တရားစွဲခံရသူ (၉) ဦးရှိခဲ့ပြီး တရားရုံးက ၂၀၁၉ ခုနှစ် မတ်လ (၉) ရက်နေ့မှ ၂၀၁၉ ခုနှစ် အောက်တိုဘာလ (၃၀) ရက်နေ့အထိ သက်သေများကို ကြားနာခဲ့သည်။



တရားစွဲခံရသူ (၉) ဦးက အကျိုးအမြတ်များများ ပြန်လည်ရရှိမည့် ငွေစုဆောင်းမှု အစီအစဥ်တွင် ထည့်ဝင်ရင်းနှီးမြှုပ်နှံကြရန် Facebook တွင် ဖျားယောင်းကြော်ငြာ၍ လူအများကို ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်ပြီး ရရှိလာသည့် ငွေများကိုလည်း ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းများတွင် အသုံးမပြုဘဲ ၎င်းတို့အချင်းချင်း ခွဲဝေသုံးစွဲကြသည်ဟု ဆိုသည်။



တရားရုံး ကြားနာစစ်ဆေးမှုအရ ၎င်းတို့ (၉)ဦး အနက် ဇနီးမောင်နှံဖြစ်ကြသည့် Wantanee နှင့် Methi တို့ (၂) ဦးမှာ အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပြီး ကျန် (၇) ဦးကိုမူ သက်သေအထောက်အထား မရှိ၍ တရားသေလွှတ်ပေးလိုက်ကြောင်း သိရသည်။



 

Source: Bangkok Post

Photo: ThaiPbs, WorkPoint 23,