သာသနာညှိးနွမ်းစေသည်ဟုဆိုကာ နိုင်ငံခြားသားတစ်ဦးအပါအဝင် ၁၄ ဦးကို စစ်ကောင်စီဖမ်းဆီး

သာသနာညှိးနွမ်းစေသည်ဟုဆိုကာ နိုင်ငံခြားသားတစ်ဦးအပါအဝင် ၁၄ ဦးကို စစ်ကောင်စီဖမ်းဆီး

သာသနာတော်ကို ညှိးနွမ်းစေသည်ဟုဆိုကာ "ဘာမှမမျှော်လင့်ပါနဲ့ (Don’t expect anything)" ဇာတ်လမ်းတိုရိုက်ကူးသည့် နိုင်ငံခြားသား ဒါရိုက်တာနှင့် (၁၂)နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် (၁၄)ဦးကို စစ်ကောင်စီက ဖမ်းဆီးအရေးယူလိုက်ကြောင်း ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၁၈)ရက်နေ့တွင် ထုတ်ပြန်လာသည်။

ပြီးခဲ့သည့် ဇူလိုင်လ(၂၄)ရက်နေ့က လူမှုကွန်ရက်စာမျက်နှာများဖြစ်သည့် isi Dhamma Youtube Channel နှင့် Tiktok တို့တွင် အဆိုပါဇာတ်လမ်းတိုအား ဖြန့်ချီလာရာ ဗုဒ္ဓဘာသာ၊ သာသနာတော်နှင့် သံဃာတော်များအပေါ် အထင်အမြင်လွဲမှားစေရန် ဖန်တီးပုံဖော်ထားသည်ဟုဆိုကာ စစ်ကောင်စီလော်ဘီ ဟန်ငြိမ်းဦးက ဖြန့်ဝေလိုက်ပြီးနောက် ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရသူများမှာ ဇာတ်ညွှန်း၊ ဒါရိုက်တာဖြစ်သူ ဆွစ်ဇာလန်နိုင်ငံသား Didier Nusbaumerနှင့် သရုပ်ဆောင်များဖြစ်သည့် ဆန်းဝင်း(ခ)ဦးဇာနိန္ဒ၊ ယွန်းအိခင်(ခ)ယွန်းယွန်း၊ ဇာနည်ဦး၊ ဝင်းမိုး၊ ကျော်သက်ထွေး (ခ)ဖိုးထူး၊ ရဲလင်းထွန်း (ခ)ကိုရဲ၊ ချမ်းချမ်းမေ(ခ)ခင်ရူပါရှင်းသန့်၊ ရွှေရည်ဝင်း(ခ)ကဲကဲ၊ ကောင်းစံထွန်း(ခ)ကြယ်စင်၊ မိုးပြည့်ပြည့်သူ(ခ)ဂျူးဂျူးစံ၊ ခါတော်မီ(ခ)ခါခါ၊ ဖြိုးမောင်မောင်(ခ)ဂျိုးဆက်သွင်နှင့် ဉာဏ်လင်းဖြိုး(ခ)ဘရိုင်ယန်တို့ဖြစ်ကြောင်း စစ်ကောင်စီဘက်က ထုတ်ပြန်ထားသည်။

#TachileikNewsAgency