တိုင်းရင်းသား ပြည်သူများအားလုံး စစ်အာဏာရှင်စနစ်မှ လွတ်မြောက်ရေးအတွက် ကူညီပံ့ပိုးခဲ့သည့် UWSA ကို ကျေးဇူးတင်ကြောင်း NUG သမ္မတဆို

တိုင်းရင်းသား ပြည်သူများအားလုံး စစ်အာဏာရှင်စနစ်မှ လွတ်မြောက်ရေးအတွက် ကူညီပံ့ပိုးခဲ့သည့် UWSA ကို ကျေးဇူးတင်ကြောင်း NUG သမ္မတဆို

တိုင်းရင်းသား ပြည်သူများအားလုံး စစ်အာဏာရှင်စနစ်မှ လွတ်မြောက်ရေး တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများကို ဦးဆောင်ဦးရွက်ပြုကာ ကူညီပံ့ပိုးခဲ့သည်များကို ဂုဏ်ယူမိကြောင်း ဝပြည်သွေးစည်းညီညွတ်ရေးပါတီထံ NUG သမ္မတက ယနေ့ ၂၀၂၄ခုနှစ် ဧပြီလ (၁၇)ရက်နေ့တွင် သဝဏ်လွှာပေးပို့ထားသည်။

“ဝ” ပြည် ငြိမ်းချမ်းရေးတည်ဆောက်မှု (၃၅)နှစ်ပြည့်သို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလမှ ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာတွင် ယင်းသို့ ဖော်ပြထားခြင်းဖြစ်သည်။

အဆိုပါ သဝဏ်လွှာတွင် ဝပြည်သွေးစည်းညီညွတ်ရေးပါတီ စတင်တည်ထောင်သည့် အချိန်မှစ၍ ယနေ့အထိ မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသား ပြည်သူများအားလုံး စစ်အာဏာရှင်စနစ်မှ လွတ်မြောက်ရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော ဖက်ဒရယ်ပြည်ထောင်စုစနစ် ပေါ်ထွန်းလာရေးအတွက် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများကို ဦးဆောင်ဦးရွက်ပြုကာ ကူညီပံ့ပိုးခဲ့သည်များကို ဂုဏ်ယူမိကြောင်း ဖော်ပြထားသည်။

ထို့အပြင် ဝပြည်သွေးစည်းညီညွတ်ရေးပါတီနှင့် ဝပြည် ပြည်သူ့အစိုးရ အနေဖြင့် ၁၀၂၇ စစ်ဆင်ရေးအတွင်း ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းသို့ ဝင်ရောက်စစ်ဘေးရှောင်လာကြသည့် ပြည်သူများကို ကာကွယ်စောင့်ရှောက်ပေးသည့် အပေါ်တွင်လည်း လေးစားဂုဏ်ယူ ကျေးဇူးတင်ရှိကြောင်း ဖော်ပြထားသည်။ 

ဝပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)သည် ၁၉၈၉ ခုနှစ် ဧပြီလ (၁၇) ရက်‌နေ့တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။

#TachileikNewsAgency