ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီတပ်က လေကြောင်း အပါအဝင် လက်နက်ကြီးများနှင့် ပစ်ခတ်ခြင်းကြောင့် ဒေသခံ ( ၂ )ဦးဒဏ်ရာရကာ နေအိမ်တချို့ ပျက်စီး

ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီတပ်က လေကြောင်း အပါအဝင် လက်နက်ကြီးများနှင့် ပစ်ခတ်ခြင်းကြောင့် ဒေသခံ ( ၂ )ဦးဒဏ်ရာရကာ နေအိမ်တချို့ ပျက်စီး
ဧပြီ 29, 2023 | 2021 Military Coup| ကယား

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို အာဏာသိမ်းစစ်ကောင်စီက ၂၀၂၃ခုနှစ်၊ ဧပြီလ(၂၉)ရက်၊  နံနက်ပိုင်းက တိုက်လေယာဉ်ဖြင့်  ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ဒေသခံ (၂) ဦး ဒဏ်ရာရကာ နေအိမ်နှင့်ကားများ ပျက်စီးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့်(၆)ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ပြီး မြေပြင်မှလက်နက်ကြီး ၁၂၀မမဖြင့် အကြိမ်(၃၀)ထက်မနည်း ထပ်မံပစ်ခတ်ခဲ့ကြောင်း သိရသည်။

ပထမအကြိမ် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့်  ဝပ်ရှော့လုပ်ငန်းလုပ်နေသူ စစ်ရှောင်အမျိုးသားတစ်ဦးနှင့် ဒုတိယအကြိမ်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် စစ်ရှောင်တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဒါ့အပြင် ၎င်းဝပ်ရှော့မှ ပြုပြင်ပေးရန် အပ်နှံထားသည့် စစ်ရှောင်ကားများလည်း အများအပြား ထိခိုက်ပျက်စီးခဲ့ရပြီး နေအိမ်(၂) လုံးနှင့် ဆိုင်ခန်းအချို့လည်း ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း ဒီးမော့ဆို PDF က သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သည် စစ်မြေပြင်တွင် သေဆုံးခြင်းနှင့် တော်လှန်ရေးအင်အားစုများကို မယှဉ်နိုင်ခြင်းကြောင့် ဝေဟင်မှလေယာဉ်ဖြင့် တိုက်ခိုက်ခြင်း စစ်ရှောင်များရှိရာသို့ ပစ်ခတ်ခြင်း၊ ကျေးရွာကျန်း မာရေး ဆေးပေးခန်းနှင့် ဆေးရုံများသို့ ဗုံးကြဲတိုက်ခိုက်ခြင်းများ မကြာခဏ ပြုလုပ်နေသောကြောင့် ဒေသခံများ သတိဖြင့် နေထိုင်သွားလာကြရန် တိုက်တွန်းထားသည်။

 

Photo: DMO-Local PDF, JFK, CJ