စိတ်ကျန်းမာရေး မကောင်းသူ (၁၆)နှစ်အရွယ် မိန်းကလေးငယ်ကို မုဒိမ်းကျင့်သည့် အမျိုးသားအား TNLA ဖမ်းဆီး

စိတ်ကျန်းမာရေး မကောင်းသူ (၁၆)နှစ်အရွယ် မိန်းကလေးငယ်ကို မုဒိမ်းကျင့်သည့် အမျိုးသားအား TNLA ဖမ်းဆီး

 

PSLF/TNLA ၏ တပ်မဟာ (၂)စစ်ဒေသ ထိန်းချုပ်နယ်မြေအတွင်း  နမ့်ဆန်မြို့နယ်၊ လုံတောက်ကျေးရွာတွင် စိတ်ကျန်းမာရေးမကောင်းသူ အသက် (၁၆)နှစ်အရွယ် မိန်း ကလေးအား  မုဒိမ်းကျင့်ခဲ့သူကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PSLF/TNLA) အုပ်ချုပ်ရေးအဖွဲ့မှ ဖမ်းဆီးရမိခဲ့သည်ဟု ယနေ့ မေလ(၁၈)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အသက် (၁၆)နှစ်အရွယ် မိန်းကလေးအား (၃)လကြာ မုဒိမ်းကျင့်ခဲ့သူ တစ်ရွာတည်းနေ မိုင်းလှဝင်းဆိုသူအား PSLF/TNLA အုပ်ချုပ်ရေးအဖွဲ့က ၂၀၂၃ခုနှစ်၊ မေလ(၁၇)ရက်တွင် ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

ပြစ်မှုကျူးလွန်သူ အသက်(၂၃)နှစ်အရွယ် မိုင်းလှဝင်း ဆိုသူသည် တရွာတည်းနေ မိန်းကလေးငယ်ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလကစ တင်ကာ တစ်လတစ်ကြိမ် ကျေးရွာစာသင်ကျောင်းသို့ ခေါ်ဆောင် မုဒိမ်းကျင့်ခဲ့ခြင်းဖြစ်ပြီး အမျိုးသမီးငယ်တွင် ကိုယ်ဝန်(၃)လရှိမှသာ သိရှိခဲ့ရသည်ဟု သိရသည်။

ထိုကြောင့် PSLF/TNLA အုပ်ချုပ်ရေးဌာန တိုက်နယ် အမှတ် (၁)မှ မုဒိမ်းမှုကျူးလွန်းသူကို သွားရောက်ဖမ်းဆီးခဲ့ပြီး PSLF/TNLA ၏တရားဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်သည်ဟု သိရသည်။