ဆားလင်းကြီးမြို့နယ်အတွင်း အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးလာမှုကြောင့် ဒေသခံ(၂၀၀၀)ကျော် ထွက်ပြေးတိမ်းရှောင်

ဆားလင်းကြီးမြို့နယ်အတွင်း အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးလာမှုကြောင့် ဒေသခံ(၂၀၀၀)ကျော် ထွက်ပြေးတိမ်းရှောင်

 စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်း အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးလာမှုကြောင့် ဒေသခံ(၂၀၀၀)ကျော်မှာ ထွက်ပြေးတိမ်းရှောင်ကာ စစ်ဘေးရှောင်နေရကြောင်း အညာပစ်တိုင်းထောင်လေးများအဖွဲ့က ယနေ့ ၂၀၂၃ခုနှစ် ဧပြီလ(၂၇)ရက်နေ့တွင် အသိပေးထားသည်။

အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်အဖွဲ့သည် မုံရွာမှ စစ်ကြောင်းထိုးလာသော အဖွဲ့ဖြစ်ပြီး ၎င်းတို့သည် လာလမ်းအတိုင်း ပြန်တက်လာခြင်းဖြစ်ရာ ကျေးရွာနေပြည်သူများမှာ အကြမ်းဖက်ခံမည်ကို ကြောက်၍ ယနေ့ နံနက်ပိုင်းတွင် ထွက်ပြေးနေကြရခြင်း ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာများတွင် လူအင်အား၊ လက်နက်အင်အားများဖြင့် တစ်ရွာဝင် တစ်ရွာထွက် သွားလာကာ အဝေးကနေ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ကျေးရွာအတွင်း ဒေသခံများကို PDF ဟု စွပ်စွဲကာ ဖမ်းဆီးရိုက်နှက် ညှင်းပန်းခြင်း နှင့် နေအိမ်အတွင်း ပစ္စည်းများကို ခိုးယူကာ နေအိမ်မီးရှို့ခြင်း၊ ရမ်းသမ်းပစ်ခတ်ခြင်းများ ပြုလုပ်လေ့ရှိသည့်အတွက် ဒေသခံ ပြည်သူများမှ ကြောက်ရွံ့ပြီး ယခုလို ကြိုတင် ထွက်ပြေးတိမ်းရှောင်နေကြရခြင်း ဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

#TachileikNewsAgency

Photo: အညာပစ်တိုင်းထောင်လေးများအဖွဲ့