ကျုံဒိုးမြို့ ခုနှစ်တိုင်လျှပ်စစ်ရုံးအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဒရုန်းဖြင့်တိုက်ခိုက်

ကျုံဒိုးမြို့ ခုနှစ်တိုင်လျှပ်စစ်ရုံးအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဒရုန်းဖြင့်တိုက်ခိုက်

ကရင်ပြည်နယ် ကျုံဒိုးမြို့ ခုနှစ်တိုင်လျှပ်စစ်ရုံးအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဇွန်လ(၁၉)ရက်နေ့က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဂဠုန်စစ်ကြောင်းက သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်သားများကို ဂဠုန်စစ်ကြောင်း Fixed-Wing Droneတပ်ဖွဲ့ (Spring UAV Force-G3)၏  ကိုယ်တိုင်တီထွင်ထားသည့် 010အမည်ရှိ Fixed-Wing Droneဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှု‌ကြောင့် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူရှိသည်ဟု သိရသည်။

ဂဠုန်စစ်ကြောင်း Fixed wing G3အဖွဲ့သည် ပြီးခဲ့သည့် မေလ(၃၀)ရက်နေ့ကလည်း ကျုံဒိုးရဲစခန်းနှင့် ခမရ(၅၄၅) ကိုလည်း Fixed Wing Droneနှင့် တိုက်ခိုက်ခဲ့သေးသည်။

#TachileikNewsAgency

Photo : Galon Column-ဂဠုန်စစ်ကြောင်း