ဖာပွန်မြို့နယ်နှင့် လယ်ကလေးကျိုးဒေသတို့ရှိ စစ်ကောင်စီတပ်စခန်းများကို KNLA တိုက်ခိုက်

ဖာပွန်မြို့နယ်နှင့် လယ်ကလေးကျိုးဒေသတို့ရှိ စစ်ကောင်စီတပ်စခန်းများကို KNLA တိုက်ခိုက်

ကရင်ပြည်နယ် ဖာပွန်မြို့နယ်နှင့် လယ်ကလေးကျိုးဒေသတို့ရှိ စစ်ကောင်စီတပ်ဖွဲ့စခန်းများကို KNLA တပ်မဟာ(၅)က ဝင်ရောက်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က ကျေးရွာအတွင်းသို့ လက်နက်ကြီး (၁၃)လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဩဂုတ်လ (၂၇)ရက်နေ့က ဖာပွန်အခြေစိုက် စစ်ကောင်စီတပ် ခလရ(၄၃၄)တပ်စခန်းနှင့် ဩဂုတ်လ (၂၈)ရက်နေ့တွင် လယ်ကလေးကျိုးဒေသရှိ စစ်ကောင်စီတပ်များကို  KNLAတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူရှိသည်ဟု KNLA တပ်မဟာ(၅)က သတင်းထုတ်ပြန်ထားသည်။

ထို့နောက် လယ်ကလေးကျိုးအခြေစိုက် စစ်ကောင်စီတပ်စခန်းမှ လူသောမြို့နယ် ထီးထာကျေးရွာကို လက်နက်ကြီး (၁၃)လုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ဩဂုတ်လ (၂၆)ရက်နေ့ကလည်း  ဖာပွန်အခြစိုက် စစ်ကောင်စီတပ်ဖွဲ့များက ထူမောဒဲကျေးရွာအတွင်းသို့ လက်နက်ကြီး(၁၈)လုံးဖြင့် ပစ်ခတ်ခဲ့ရာ စေတီတစ်ဆူ၊ သိမ်တစ်ဆောင်နှင့် အိမ်(၂)လုံးပျက်စီးပြီး နွားတစ်ကောင်  ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

အဆိုပါစစ်ကောင်စီတပ်ဖွဲ့များသည် စားနပ်ရိက္ခာနှင့် လက်နက်ခဲယမ်းများဖြည့်တင်းနေပြီး ဩဂုတ်လ (၂၈)ရက်နေ့တွင် ရဟတ်ယာဉ်ဖြင့် လာရောက်ဖြည့်တင်းပေးခဲ့ကြောင်း KNLA တပ်မဟာ(၅)၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

#TachileikNewsAgency