သံဖြူဇရပ်မှ ရေးမြို့ဘက်သို့ ဆင်းလာသည့် ‌စစ်ကောင်စီတပ်၏ ယာဉ်ကို ဒေသကာကွယ်ရေးတပ်များတိုက်ခိုက်ရာ ထိခိုက် သေဆုံးသူရှိ

သံဖြူဇရပ်မှ ရေးမြို့ဘက်သို့ ဆင်းလာသည့် ‌စစ်ကောင်စီတပ်၏ ယာဉ်ကို ဒေသကာကွယ်ရေးတပ်များတိုက်ခိုက်ရာ ထိခိုက် သေဆုံးသူရှိ

 

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့မှ ရေးမြို့ဘက်သို့ ဆင်းလာသည့် ‌စစ်ကောင်စီတပ်ယာဉ်ကို ဒေသကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 ၂၀၂၃ခုနှစ်၊ ဧပြီလ(၂၅)ရက်နေ့တွင် အရပ်သားကား (၁၂)ဘီးယာဉ် (၁)စီးနှင့် ကားလေး (၁)စီးတို့ဖြင့် လာသည့် စစ်ကောင်စီတပ်ကို ပိန္နဲတောကျေးရွာ သုသာန်အနီး၌ တောင်ညိုပြည်သူ့ပြောက်ကြားတပ်ဖွဲ့နှင့် ပူးပေါင်းတပ်ဖွဲ့မှ ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒါ့အပြင် စစ်ကောင်စီ၏ လမ်းကင်းအရပ်သား ကား(၁)စီးနှင့် အင် အား(၃၀)ကျော်သည် သံဖြူဇရပ်မြို့ဘက်သို့ ခြေလျင်ပြန်လည်ဆုတ်ခွာလာရာ ပိန္နဲတောရွာအနီး၌ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရ သည်။



အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၈)ဦးသေပြီး (၄) ဦးဒဏ်ရာရရှိခဲ့ကာ ဒေသကာကွယ်ရေးတပ်မှ ရဲဘော်(၂)ဦးမစိုးရိမ် ရ ဒဏ်ရာရရှိခဲ့သည်ဟု တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့က ယနေ့ ဧပြီလ(၂၆)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။ 

ဧပြီလ (၂၃)ရက်နေ့ကလည်း ‌စစ်ကောင်စီတပ်အင်းအား (၆၀)ဝန်း ကျင်ပါသည့် ကား ( ၃ ) စီးသည် ဝဲခမိကျေးရွာအနီး၌ လမ်းကင်းချ၍ သံဖြူဇရပ်မြို့သို့ အပြန် ကလိန်ပဒေါရွာနှင့် ကုန်းမြင့်သာယာရွာကြား၌ တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့က ခြုံခိုပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ( ၄ )ဦးသေပြီး ကား(၁) စီးပျက်စီးခဲ့သည်ဟု သိရသည်။