မန္တလေးတွင် ရာအိမ်မှူးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဆေးရုံပို့ဆောင်ထား

မန္တလေးတွင် ရာအိမ်မှူးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဆေးရုံပို့ဆောင်ထား
နိုဝင်ဘာ 5, 2021 | အခြားဒေသများ

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်၏  အသက်(၇၀)ဝန်းကျင်အရွယ် ရာအိမ်မှူးဖြစ်သူ အမျိုးသားတစ်ဦး ယနေ့ နိုဝင်ဘာ (၅)ရက် ညနေပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။

အဆိုပါ ရာအိမ်မှူးသည် ရပ်ကွက်ရုံးမှ အိမ်သို့လမ်းလျှောက်အပြန်တွင် ဆိုင်ကယ်စီးလာသူနှစ်ဦးက ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

သေနတ်ပစ်ခတ်ခံရမှုကြောင့် ပါးတစ်ဖက်ကို ထိမှန်ဒဏ်ရာရှိသွားပြီး ဆေးရုံသို့ ပို့ဆောင်ထားကြောင်းသိရသည်။

ယခုရက်ပိုင်းအတွင်း မန္တလေးမြို့၌ အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်အဖွဲ့များက နေရာအလိုက်ဝင်စီးမှုများ ရှိနေပြီး ဖမ်းဆီးခံရသူများရှိနေသလို စစ်ကောင်စီသတင်းပေးဆိုသူများလည်း သတ်ဖြတ်ခံရမှုများပြားနေသည်။

ယမန်နေ့ ညနေပိုင်းကလည်း  မဟာအောင်မြေမြို့နယ် သံလျှက်မှော် အနောက်ရပ်ကွက်မှ ရပ်ကွက်ရာအိမ်မှူးတစ်ဦး သေနတ်ဖြင့် ငါးချက်ခန့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။