Cobra စစ်ကြောင်းလုံခြုံရေး ယူထားသည့် နေရာများကို စစ်ကောင်စီတပ်က (၂)ရက်အတွင်း ဓာတုလက်နက် အပါအဝင် လက်နက်ကြီးဖြင့် အကြိမ်(၃၀) ပစ်၍ လေယာဉ်ဖြင့် ဗုံးကြဲ 

Cobra စစ်ကြောင်းလုံခြုံရေး ယူထားသည့် နေရာများကို စစ်ကောင်စီတပ်က (၂)ရက်အတွင်း ဓာတုလက်နက် အပါအဝင် လက်နက်ကြီးဖြင့် အကြိမ်(၃၀) ပစ်၍ လေယာဉ်ဖြင့် ဗုံးကြဲ 

 ကရင်ပြည်နယ်၊ ‌ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)တပ်ဖွဲ့ ၏ Cobra စစ်ကြောင်းလုံခြုံရေး ယူထားသည့်နေရာများကို အာဏာသိမ်းစစ်ကောင်စီတပ်က ( ၂ )ရက်အတွင်း ဓာတုလက်နက်ဟု ယူဆရသော လက်နက်ကြီးများအပါအဝင် လက်နက်ကြီးဖြင့် အကြိမ် (၃၀)ထက်မနည်း ပစ်ခတ်ခဲ့ပြီး တိုက်လေယာဉ်ဖြင့်ပါ လာရောက်ဗုံးကြဲခဲ့ကြောင်း Cobra စစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။

၂၀၂၃ခုနှစ်၊ ဧပြီလ (၂၃)ရက်နေ့က တော်လှန်ရေးအင်အားစု လုံခြုံရေးယူထားသော နယ်မြေကို စစ်ကောင်စီမှ ဓာတုဗုံး (ဓာတ်ငွေ့ဗုံး)ဟု ယူဆရသော လက်နက်ကြီးအမျိုးအစားများအပါအဝင် အကြိမ် ၃၀ ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။ 

ဧပြီလ (၂၄)ရက်တွင် စစ်ကောင်စီတပ်သည် YAK130 Jet Fighter တိုက်လေယာဉ်ဖြင့် တော်လှန်ရေးအဖွဲ့လုံခြုံရေးယူထားသောနယ်မြေအား ဗုံးကြဲတိုက်ခိုက်ခဲ့သော်လည်း အထိအခိုက်မရှိခဲ့ဟု Cobra စစ်ကြောင်းက ဧပြီလ ၂၄ ရက်တွင် သတင်းထုတ် ပြန်ထားသည်။

စစ်ကောင်စီတပ်များသည် ပြီးခဲ့သည့် ဧပြီလ(၁၈)ရက်နေ့မှ (၂၀)ရက်နေ့အထိ (၃)ရက်ကြာ မြဝတီမြို့ဒေသများရှိ တော်လှန်ရေးအင်အားစု ထိန်းချုပ်ရာနေရာများကို တိုက်လေယာဉ်ဖြင့်ဗုံးကြဲ၍ ထိုးစစ်ဆင်လာသဖြင့် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီ၏ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း Cobra စစ်ကြောင်းက သတင်းထုတ်ပြန်ခဲ့သေးသည်။