ကော့ကရိတ်မြို့နယ်တွင် စစ်ကောင်စီတပ်စွဲထားသည့်နေရာကို ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်

ကော့ကရိတ်မြို့နယ်တွင် စစ်ကောင်စီတပ်စွဲထားသည့်နေရာကို ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကျိုက်ဒုံလမ်းဆုံ Denko ဆီဆိုင်နှင့် ကော့နွဲကျေးရွာအနီး တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ကို ၂၀၂၃ခုနှစ် သြဂုတ်လ (၂၆)ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

၎င်းစစ်ကောင်စီတပ်ဖွဲ့ကို ဒရုန်းဖြင့် (၁၀၇)မမ ဗုံးသီးတစ်လုံး၊ (၆၀)မမ ဗုံးသီး(၆)လုံးတို့ဖြင့် Special Operation Groupနှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Special Operation Group(SOG)၊ Cloud Wings၊ Dawna Phoenix Drone Team မဟာမိတ် တပ်ပေါင်းစုများမှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဘက်က (၁၂၀)မမ၊ (၈၁)မမတို့ဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ အနီးရှိကျေးရွာများအတွင်း ကျရောက်ပေါက်ကွဲသဖြင့် အရပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း Special Operation Group(SOG)က ယနေ့ ဩဂုတ်လ (၂၇)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo : Special Operation Group