စစ်ကူမရောက်ခင် မြဝတီမြို့စောင့်တပ်ထွက်ပြေး၊ နယ်စပ်ကုန်သွယ်ရေးအချက်အခြာမြို့တစ်ခုလုံးအား တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ် 

စစ်ကူမရောက်ခင် မြဝတီမြို့စောင့်တပ်ထွက်ပြေး၊ နယ်စပ်ကုန်သွယ်ရေးအချက်အခြာမြို့တစ်ခုလုံးအား တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ် 

မြဝတီမြို့မကျစေရေး စစ်ကောင်စီဘက်မှ ခြေလျှင်တပ်ရင်းများနှင့် သံချပ်ကာကားများကို ဘားအံ၊ မော်လမြိုင်ဘက်မှ စေလွှတ်ခဲ့သော်လည်း စစ်ကူမရောက်ခင် ၂၀၂၄ခုနှစ် ဧပြီလ (၁၀)ရက်နေ့ ညပိုင်းတွင် မြဝတီမြို့စောင့်တပ် ခလရ (၂၇၅) တစ်ခုလုံး စခန်းစွန့်ခွာထွက်ပြေးခဲ့ကြောင်းသိရသည်။

လက်ရှိအချိန်အထိ ခလရ (၂၇၅)မှ ထွက်ပြေးသွားသော စစ်သားများ ထိုင်းနယ်စပ် အမှတ် (၂) ချစ်ကြည်ရေးတံတားရှေ့တွင် ထိုင်းနိုင်ငံအတွင်း ခိုလှုံခွင့်ရရှိရန် ညှိနိူင်းဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

လက်ရှိအချိန်တွင် ထိုင်းစစ်တပ်က အမှတ် (၂)ချစ်ကြည်တံတားပတ်ဝန်းကျင်တွင် အင်အားအမြာက်အများဖြင့် လုံခြုံရေးတိုးမြှင့်ထားကြောင်းသိရသည်။

မြဝတီမြို့စောင့်တပ်ကို ၂၀၂၄ခုနှစ် ဧပြီလ (၉) ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ စတင်ထိုးစစ်ဆင်ပြီး နှစ်ရက်အကြာတွင် စစ်ကူမစောင့်နိုင်တော့ပဲ စခန်းစွန့်ခွာထွက်ပြေးခဲ့ကြခြင်းဖြစ်သည်။

စစ်ကောင်စီက မြဝတီကိုစေလွှတ်သည့် စစ်ကူစစ်ကြောင်းကို ဂျိုင်းနှင့် ကျုံဒိုးတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့သေးသည်။

#TachileikNewsAgency