တာချီလိတ်မြို့ လွယ်တော်ခမ်းချောင်းအတွင်း ရေနစ်သေဆုံးနေသည့် လူငယ်တစ်ဦး၏ အလောင်းကို တရက်အကြာတွင် တွေ့ရှိ

Photo: ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်း
Photo: ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်း
တာချီလိတ်မြို့ လွယ်တော်ခမ်းချောင်းအတွင်း ရေနစ်သေဆုံးနေသည့် လူငယ်တစ်ဦး၏ အလောင်းကို တရက်အကြာတွင် တွေ့ရှိ

 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ပုန်းထွန်ချောင်းဟု ခေါ်သည့် လွယ်တော်ခမ်းချောင်းအတွင်း တစ်ရက်အကြာ ရေနစ်သေဆုံးနေသည့် လူငယ်တစ်ဦး၏ အလောင်းကို တွေ့ရှိရကြောင်း သိရသည်။

ရေနစ်သေဆုံးသူမှာ အသက်(၁၄)နှစ်အရွယ် စိုင်းခမ်းရှဲန်ဆိုသူ လူငယ်တစ်ဦးဖြစ်ပြီး ၎င်းသည် ပုန်းထွန်ရပ်ကွက်တွင် နေထိုင်ကြောင်း သိရသည်။

၎င်း၏ မိဘများသည် သားဖြစ်သူမှာ  ၂၀၂၃ခုနှစ် ဧပြီလ(၁၉)ရက်နေ့၏ ညနေကတည်းကစပြီး ယနေ့ ဧပြီလ(၂၀)ရက်နေ့၏ နေ့လည်ပိုင်းအချိန်အထိ နေအိမ်သို့ ပြန်လာခြင်းမရှိ၍ လူပျောက်ကြော်ငြာရန် ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်းထံသို့ သွားရောက်အကူအညီတောင်းချိန် တိုက်ဆိုင်စွာဖြင့် ညနေ(၃)နာရီအချိန်တွင် ရေချောင်းအတွင်းမှ အလောင်းတွေ့ရှိကြောင်း သိရပြီးနောက် သွားရောက်ကြည့်ရာမှ ပျောက်နေသည့် စိုင်းခမ်းရှဲန်ဖြစ်နေကြောင်း သိရသည်။

ရေနစ်သေဆုံးထားသည့် အလောင်းအား လွယ်တော်ခမ်းချောင်းကနေတဆင့် ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်းက သယ်ဆောင်ပြီး တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ကူညီပို့ဆောင်ပေးထားကြောင်း သိရသည်။

တာချီလိတ်မြို့တွင် အရေးပေါ်နှင့်နာရေးကိစ္စရပ်များ ပတ်သက်၍ ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်း၏ ဖုန်း 09442747077 နှင့် 09690876226 သို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။