မြစ်ကြီးနားမြို့ ကျွန်းပင်သာရှိ နေအိမ် အချိန်(၁၀)မိနစ်ကျော်အကြာ မီးလောင်မှု ဖြစ်ပွား

ဓါတ်ပုံ - မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့
ဓါတ်ပုံ - မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့
မြစ်ကြီးနားမြို့ ကျွန်းပင်သာရှိ နေအိမ် အချိန်(၁၀)မိနစ်ကျော်အကြာ မီးလောင်မှု ဖြစ်ပွား

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ကျွန်းပင်သာရပ်ကွက်၊ နယ်မြေ(၃)ရှိ နေအိမ်တွင် ယနေ့ အောက်တိုဘာလ(၂၆)ရက်နေ့တွင် အချိန်(၁၀)မိနစ်ကျော်အကြာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့ ၂၀၂၁ခုနှစ် အောက်တိုဘာလ(၂၆)ရက်နေ့ နံနက်(၁၀)နာရီခွဲ ဝန်းကျင်အချိန်က စပြီး နံနက် (၁၀)နာရီ (၃၄)မိနစ်အချိန် မီးလောင်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းနှင့် မီးလောင်မှု ဖြစ်ပွားရာ ာနေရာသို့ မီးငြှိမ်းသတ်ယာဉ် (၄)စီး၊ ရေသယ်ယာဉ် (၃)စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရသည်ဟု မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားခြင်း ဖြစ်သည်။

မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း နှင့် မီးလောင်မှု ဖြစ်ပွားခြင်းနှင့် ပတ်သက်၍ စစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။