တာချီလိတ်မှ စောင့်ကြည့်သံသယလူနာ(၁၂)ဉီးနက် (၁၁)ဦးတွင် COVID -19 ပိုးမတွေ့၊ ကျန်(၁)ဦးအဖြေ ဆက်လက်ဓါတ်ခွဲနေ

တာချီလိတ်မှ စောင့်ကြည့်သံသယလူနာ(၁၂)ဉီးနက် (၁၁)ဦးတွင် COVID -19 ပိုးမတွေ့၊ ကျန်(၁)ဦးအဖြေ ဆက်လက်ဓါတ်ခွဲနေ
မတ် 25, 2020
By Tachileik News Agency
တာချီလိတ်မှ စောင့်ကြည့်သံသယလူနာ(၁၂)ဉီးနက် (၁၁)ဦးတွင်  COVID -19 ပိုးမတွေ့၊ ကျန်(၁)ဦးအဖြေ ဆက်လက်ဓါတ်ခွဲနေ

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့ရှိ တာချီလိတ်ခရိုင်ဆေးရုံတွင် ၂၀၂၀ ခုနှစ်၊ မတ်လ (၂၃)ရက်နေ့က သတ်မှတ်ထားသည့် စောင့်ကြည့်လူနာ (၁၁)ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရခြင်းမရှိကြောင်း မတ်လ (၂၅)ရက်နေ့တွင် ဓါတ်ခွဲအဖြေရရှိလာပြီဖြစ်ပြီး မတ်လ (၂၄)ရက်နေ့က သတ်မှတ်ထားသည့် စောင့်ကြည့်လူနာ၏ ဓါတ်ခွဲအဖြေကို စောင့်ဆိုင်းဆဲဖြစ်သည်။

အဆိုပါ (၁၁)ဦးမှာ တာချီလိတ်သို့ ၂၀၂၀ ခုနှစ်၊ မတ်လ (၂၃)ရက်နေ့တွင် လာရောက်လွှဲပြောင်းပေးလာသည့် ထိုင်းနိုင်ငံတွင်း ဖမ်းဆီးခံရပြီး ပြန်လွတ်လာသည့် မြန်မာနိုင်ငံသား (၉၂)ဦးအဖွဲ့မှဖြစ်ပြီး ကိုယ်အပူချိန်မြင့် ဖျားနေ၍ စောင့်ကြည့်လူနာအဖြစ် ဓါတ်ခွဲစစ်ဆေးခဲ့ခြင်းဖြစ်သည်။

ယင်းအဖွဲ့မှ ကျန် (၈၁)ဦးကို (၁၄)ရက်သီးခြားစောင့်ကြည့်မှုအောက်ထားရာမှ မတ်လ (၂၄)ရက်နေ့တွင် ကိုယ်အပူချိန်အနည်းငယ်မြင့်သူ (၁)ဦးကိုလည်း စောင့်ကြည့်လူနာအဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်သည်။

တာချီလိတ်တွင် မတ်လ (၂၅)ရက်နေ့၌ စောင့်ကြည့်သတ်မှတ်လူနာ (၂)ဦးထပ်တိုးလာခြင်းဖြစ်သည်။

ရောဂါဖြစ်ပွားသည့် နိုင်ငံများမှ ပြန်လာသူများတွင်  ရောဂါလက္ခဏာများ မတွေ့ရသော်လည်(၁၄)ရက် သီးခြားခွဲ၍ ရောဂါကူးစက်ခံရခြင်းရှိ၊ မရှိကို စောင့်ကြည့်သည့်စနစ်ကို ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် အသုံးပြုနေကြခြင်းဖြစ်ပြီး ယင်းကဲ့သို့ သီးခြားစောင့်ကြည့်ခံရသူများအား ထားရှိရန် ဟိုတယ်များ၊ သင်တန်းကျောင်းများ၊ ရိပ်သာများကို ကျန်းမာရေးဦးစီးဌာနများအနေဖြင့် အသုံးပြုနိုင်ရန် ပြည်သူများက ပူးပေါင်းကူညီခြင်းများကိုလည်း လုပ်ဆောင်နေကြခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~