လားရႈိးၿမိဳ႕အထြက္တြင္ စစ္ေဆးမႈမ်ား ေဆာင္ရြက္စဥ္ ရပ္တန္႔မေပးဘဲ ထြက္ေျပးသည့္ ယာဥ္ေပၚက ဘိန္းျဖဴ (၁၉)ကီလိုေက်ာ္ ပိုင္ရွင္မဲ့အျဖစ္ သိမ္းဆည္းရမိၿပီး ဆက္စပ္အျဖစ္ လက္နက္ပါ ဖမ္းမိ

လားရႈိးၿမိဳ႕အထြက္တြင္ စစ္ေဆးမႈမ်ား ေဆာင္ရြက္စဥ္ ရပ္တန္႔မေပးဘဲ ထြက္ေျပးသည့္ ယာဥ္ေပၚက ဘိန္းျဖဴ (၁၉)ကီလိုေက်ာ္ ပိုင္ရွင္မဲ့အျဖစ္ သိမ္းဆည္းရမိၿပီး ဆက္စပ္အျဖစ္ လက္နက္ပါ ဖမ္းမိ
စက်တင်ဘာ 1, 2019
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ လားရႈိးၿမိဳ႕အထြက္ တာပံု - မိုင္းေယာ္သြား လမ္းဆံုအနီးတြင္ တပ္မေတာ္မွ လံုၿခံဳေရးအရ တားျမစ္စစ္ေဆးမႈမ်ားျပဳလုပ္သည့္ လက္မခံဘဲ ထြက္ေျပးေမာင္းႏွင္သည့္ ယာဥ္ေပၚက ဘိန္းျဖဴ(၁၉.၈)ကီလိုကို ပိုင္ရွင္မဲ့ အျဖစ္ သိမ္းဆည္းရမိေၾကာင္း သိရသည္။

လားရိႈးၿမိဳ႕ အထြက္ရွိ တာပံု - မိုင္းေယာ္ သြားလမ္းဆံုအနီးတြင္ ၂၀၁၉ခုႏွစ္  ၾသဂုတ္လ (၃၁)ရက္ေန႔ ညေနပိုင္းက ၿမိဳ႕လံုၿခံဳေရးအတြက္ စစ္ေဆးမႈမ်ား ေဆာင္ရြက္ေနစဥ္ ေမာ္ေတာ္ယာဥ္တစ္စီးမွာ ရပ္တန္႔ျခင္းမျပဳလုပ္ဘဲ ထြက္ေျပးေမာင္းႏွင္ၿပီး ရပ္ကြက္(၁၂)၊ စမ္းေခ်ာင္းရပ္ရွိ ကားလမ္းေဘးတြင္ ရပ္တန္႔ထားခဲ့ရာမွ တပ္မေတာ္ႏွင့္ရဲတပ္ဖြဲ႔မွ အဆိုပါ ယာဥ္အား အမွတ္(၂)နယ္ေျမရဲစခန္းသို႔ ကရိန္းျဖင့္ သယ္ေဆာင္လာကာ စစ္ေဆးမႈမ်ား ျပဳလုပ္ရာ ယာဥ္ေနာက္ခန္းအၾကမ္းျပင္အတြင္းမွ ဘိန္းျဖဴ (၁၉.၈)ကီလိုအား ေတြ႔ရွိသိမ္းဆည္းရမိျခင္း ျဖစ္ေၾကာင္း သိရသည္။

ဆက္လက္ရွာေဖြမႈမ်ား ျပဳလုပ္ရာ ယာဥ္၏ ေရွ႕ခန္း ဒက္ရွဲဘုတ္အေပၚတြင္ စကၠဴျဖတ္ပိုင္းတစ္ခုေတြ႔ရွိရာ စကၠျဖတ္ပိုင္းတြင္ ဦးက်င္းဟြာ ဆိုသူ ႏွင့္ အမည္ ႏွင့္ လားရိႈးၿမိဳ႕၊ ရပ္ကြက္ (၇)အတြင္းရွိ အိမ္လိပ္စာအား ေဖာ္ျပထားရာ  သက္ဆိုင္ရာမွ စာရြက္ပါ လိပ္စာအတိုင္း သြားေရာက္ရွာေဖြေၾကာင္း သိရသည္။

ပူးေပါင္းအဖြဲ႔ျဖင့္ သြားေရာက္ရွာေဖြရာတြင္ ေနအိမ္၌ ဦးက်င္းဟြာ ဆိုသူအား ေတြ႔ရွိရျခင္း မရွိေသာ္လည္း ေနအိမ္အတြင္းမွ GLOCK အမ်ိဳးအစား ပစၥတို တစ္လက္၊ ၎က်ည္ေဘာက္တစ္ခု၊ 9mm က်ည္ (၈ )ေတာင့္၊ ေကာင္းခါးျပည္သူ႔စစ္အဖြဲ႔ဝင္ကဒ္ျပားတစ္ခုႏွင့္ အစိမ္းေရာင္ ယူနီေဖာင္း လက္ရွည္ (၂)ထည္၊ မံုးဟျပည္သူ႔စစ္ဌာေန တံဆိပ္မ်ားပါသည့္ ယူနီေဖာင္း တစ္ထည္၊ ပသစ တံဆိပ္ပါ ေတာေစာင္းဦးထုပ္တစ္လံုး၊ ေမာ္ေတာ္ယာဥ္တစ္စီးႏွင့္ ျမန္မာေငြေရာရာ သိန္း (၂၀)တို႔ကို ေတြ႔ရွိရေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္မ်ားႏွင့္ ပတ္သက္၍  မူးယစ္ေဆးဝါးမ်ားအားတင္ေဆာင္လာကာ ယာဥ္ကိုထား၍ ထြက္ေျပးသြားသူ( စံုစမ္းဆဲ )အား အမွတ္ (၂)နယ္ေျမရဲစခန္းတြင္ မယ(ပ)၃၅/ ၂၀၁၉၊ မူး/စိတ္ ပုဒ္မ ၁၉(က)ျဖင့္လည္းေကာင္း  ေနအိမ္အတြင္း တရားမဝင္ လက္နက္မ်ားထားရွိကိုင္ေဆာင္သူ ဦးက်င္းဟြာ( ဖမ္းဆီးမမိေသး )အား လက္နက္ဥပေဒ ပုဒ္မ ၁၉(စ) ျဖင့္ အမႈဖြင့္ ထားေၾကာင္း သိရွိရသည္။

Tachileik News Agency
သတင္း - ေနၿဖဳိးျမင့္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့အထွက် တာပုံ - မိုင်းယော်သွား လမ်းဆုံအနီးတွင် တပ်မတော်မှ လုံခြုံရေးအရ တားမြစ်စစ်ဆေးမှုများပြုလုပ်သည့် လက်မခံဘဲ ထွက်ပြေးမောင်းနှင်သည့် ယာဉ်ပေါ်က ဘိန်းဖြူ(၁၉.၈)ကီလိုကို ပိုင်ရှင်မဲ့ အဖြစ် သိမ်းဆည်းရမိကြောင်း သိရသည်။

လားရှိုးမြို့ အထွက်ရှိ တာပုံ - မိုင်းယော် သွားလမ်းဆုံအနီးတွင် ၂၀၁၉ခုနှစ် သြဂုတ်လ (၃၁)ရက်နေ့ ညနေပိုင်းက မြို့လုံခြုံရေးအတွက် စစ်ဆေးမှုများ ဆောင်ရွက်နေစဉ် မော်တော်ယာဉ်တစ်စီးမှာ ရပ်တန့်ခြင်းမပြုလုပ်ဘဲ ထွက်ပြေးမောင်းနှင်ပြီး ရပ်ကွက်(၁၂)၊ စမ်းချောင်းရပ်ရှိ ကားလမ်းဘေးတွင် ရပ်တန့်ထားခဲ့ရာမှ တပ်မတော်နှင့်ရဲတပ်ဖွဲ့မှ အဆိုပါ ယာဉ်အား အမှတ်(၂)နယ်မြေရဲစခန်းသို့ ကရိန်းဖြင့် သယ်ဆောင်လာကာ စစ်ဆေးမှုများ ပြုလုပ်ရာ ယာဉ်နောက်ခန်းအကြမ်းပြင်အတွင်းမှ ဘိန်းဖြူ (၁၉.၈)ကီလိုအား တွေ့ရှိသိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။

ဆက်လက်ရှာဖွေမှုများ ပြုလုပ်ရာ ယာဉ်၏ ရှေ့ခန်း ဒက်ရှဲဘုတ်အပေါ်တွင် စက္ကူဖြတ်ပိုင်းတစ်ခုတွေ့ရှိရာ စက္ကဖြတ်ပိုင်းတွင် ဦးကျင်းဟွာ ဆိုသူ နှင့် အမည် နှင့် လားရှိုးမြို့၊ ရပ်ကွက် (၇)အတွင်းရှိ အိမ်လိပ်စာအား ဖော်ပြထားရာ သက်ဆိုင်ရာမှ စာရွက်ပါ လိပ်စာအတိုင်း သွားရောက်ရှာဖွေကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့ဖြင့် သွားရောက်ရှာဖွေရာတွင် နေအိမ်၌ ဦးကျင်းဟွာ ဆိုသူအား တွေ့ရှိရခြင်း မရှိသော်လည်း နေအိမ်အတွင်းမှ GLOCK အမျိုးအစား ပစ္စတို တစ်လက်၊၎င်းကျည်ဘောက်တစ်ခု၊ 9mm ကျည် (၈ )တောင့်၊ ကောင်းခါးပြည်သူ့စစ်အဖွဲ့ဝင်ကဒ်ပြားတစ်ခုနှင့် အစိမ်းရောင် ယူနီဖောင်း လက်ရှည် (၂)ထည်၊ မုံးဟပြည်သူ့စစ်ဌာနေ တံဆိပ်များပါသည့် ယူနီဖောင်း တစ်ထည်၊ ပသစ တံဆိပ်ပါ တောစောင်းဦးထုပ်တစ်လုံး၊ မော်တော်ယာဉ်တစ်စီးနှင့် မြန်မာငွေရောရာ သိန်း (၂၀)တို့ကို တွေ့ရှိရကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ မူးယစ်ဆေးဝါးများအားတင်ဆောင်လာကာ ယာဉ်ကိုထား၍ ထွက်ပြေးသွားသူ( စုံစမ်းဆဲ )အား အမှတ် (၂)နယ်မြေရဲစခန်းတွင် မယ(ပ)၃၅/ ၂၀၁၉၊ မူး/စိတ် ပုဒ်မ ၁၉(က)ဖြင့်လည်းကောင်း နေအိမ်အတွင်း တရားမဝင် လက်နက်များထားရှိကိုင်ဆောင်သူ ဦးကျင်းဟွာ( ဖမ်းဆီးမမိသေး )အား လက်နက်ဥပဒေ ပုဒ်မ ၁၉(စ) ဖြင့် အမှုဖွင့် ထားကြောင်း သိရှိရသည်။

Tachileik News Agency
သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net