မြဝတီမြို့အနီး (၃)ရက် ဆက်တိုက် တိုက်ပွဲများဖြစ်ပြီး စစ်ကောင်စီတပ် နှင့်  BGF တပ်သားများသေကာ လက်နက်များ သိမ်းဆည်းရရှိခဲ့

Photo: Cobra Column တပ်ခွဲ - ၄
Photo: Cobra Column တပ်ခွဲ - ၄
မြဝတီမြို့အနီး (၃)ရက် ဆက်တိုက် တိုက်ပွဲများဖြစ်ပြီး စစ်ကောင်စီတပ် နှင့်  BGF တပ်သားများသေကာ လက်နက်များ သိမ်းဆည်းရရှိခဲ့

 

ကရင်ပြည်နယ်၊ မြဝတီမြို့အနီးတွင် အာဏာသိမ်းစစ်ကောင်စီတပ် နှင့် ၂၀၂၃ခုနှစ်၊ ဧပြီလ (၁၁)ရက်က စတင်ကာ ဧပြီလ (၁၃)ရက်နေ့အထိ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူရှိကာ လက်နက်ခဲယမ်းများ သိမ်းဆည်း ရရှိခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက ယနေ့ ၂၀၂၃ခုနှစ် ဧပြီလ(၁၃)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ 

ဧပြီလ (၁၁)ရက်နေ့က စစ်ကောင်စီတပ်သည် လေကြောင်းတိုက်ခိုက်မှု ( ၅ )ကြိမ်ပြုလုပ်ကာ ထိုးစစ်ဆင်လာသဖြင့် နံနက်ပိုင်းက စတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က (၆)ဦးသေပြီး (၁၂)ဦး ဒဏ်ရာရခဲ့ကာ ကော်ဘရာစစ်ကြောင်းမှ ရဲဘော် ( ၄ )ဦးကျဆုံးခဲ့ကြောင်း သိရသည်။ 

ဧပြီလ(၁၂)ရက်နေ့တွင် BGF ၏ သိန်းတန်တပ်စခန်းကုန်းအား တက်ရောက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သားနှင့် BGF (၁၀)ဦး သေပြီး လက်နက် (၁၁) လက်၊ ရှေ့ထွက်မိုင်း ( ၂ )လုံး၊ ကျည်အိမ်၊ နင်းမိုင်း ( ၁ )လုံး၊ ၅.၅၆ ကျည် (၅၈၄)တောင့်၊ ၇.၆၂ ကျည် (၇၅) တောင့်၊ AK ကျည်ဘောက်(၂)ခု၊ HK ကျည်ဘောက် (၅) ခု၊ ကာဘိုင်ကျည်ဘောက်(၂)ခု၊ M ၁၆ ကျည်ဘောက် (၄)ခု သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

ဧပြီလ (၁၃)ရက်နေ့တွင် ကျောက်မိုင်း BGF စခန်းကုန်းအား Sniper ဖြင့် ပစ်ခတ်ခဲ့ရာ (၃)ဦး သေပြီး စစ်ကောင်စီဘက်က တနေကုန်  လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့သည်ဟု သိရသည်။