မန္တလေးမြို့တွင် စစ်ကားမှ အနောက်က ဝင်တိုက်၍  လူသုံးဦ အပြင်းအထန် ဒဏ်ရာရ

မန္တလေးမြို့တွင် စစ်ကားမှ အနောက်က ဝင်တိုက်၍  လူသုံးဦ အပြင်းအထန် ဒဏ်ရာရ

မန္တလေးမြို့တွင်း လှည့်လည်ပစ်ခတ်မှုများလုပ်နေသည့် စစ်ကားများက နောက်ကဝင်တိုက်၍ အမျိုးသမီးတစ်ဦးနှင့်အမျိုးသားနှစ်ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ယနေ့ မတ်လ(၈)ရက်နေ့ နံနက်ပိုင်းကတည်းက စစ်ကားများက မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်အတွင်းက ရပ်ကွက်များကို လေးခွများနှင့်လိုက်လံပစ်ခတ်နေရာမှ မနောဟရီလမ်းနှင့် ၅၇လမ်းထောင့်တွေ လမ်းပေါ်နေဆိုင်ကယ်များကို တိုက်ခဲ့ခြင်းဖြစ်သည်။

ယာဥ်တိုက်မှုကြောင့် သုံးဦးလုံး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး အရေးပေါ်ကုသနေရကြောင်းသိရသည်။



"ကားတွေလာတော့ တချို့ဆိုင်ကယ်တွေမောင်းပြေးကြတယ်။ ကျန်တဲ့ဆိုင်ကယ်ကို တိုက်တာ။ တိုက်ပြီးတော့ ကားပေါ်ကနေ ဆင်းပြီးရိုက်သွားကြသေးတယ်"ဟု မျက်မြင်တွေ့ရှိသူတစ်ဦးကပြောသည်။



စစ်ကားအသေးနှစ်စီးဟာ မြို့တွင်းကိုလှည့်မောင်းနေပြီး အရှိန်ပြင်းထန်စွာမောင်းကာ ကာထားသော အတားအဆီးများကိုပါ တိုက်နေသည်ကိုလည်းတွေ့ရှိခဲ့ရသည်။



Tachileik News Agency