ဖယ်ခုံမြို့နယ်အတွင်း ၈ ရက်ကြာတိုက်ပွဲဖြစ်ကာ စစ်ကောင်စီတပ်သား အများအပြားသေပြီး လက်နက်ခဲယမ်းများရရှိ

ဖယ်ခုံမြို့နယ်အတွင်း ၈ ရက်ကြာတိုက်ပွဲဖြစ်ကာ စစ်ကောင်စီတပ်သား အများအပြားသေပြီး လက်နက်ခဲယမ်းများရရှိ
မတ် 17, 2023 | ရှမ်းတောင်

ရှမ်း - ကယားနယ်စပ်၊ ဖယ်ခုံမြို့နယ်၊ ခေါင်းအိကျေးရွာအုပ်စုဘက်သို့ စစ်ကြောင်းထိုးလာသည့် အာဏာသိမ်း စစ်ကောင်စီတပ် နှင့် (၈) ရက်ကြာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က အများအပြားသေကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ဖယ်ခုံ PDF က သတင်းထုတ်ပြန်သည်။

စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် နှင့် ၂၀၂၃ခုနှစ်၊ မတ်လ(၈)ရက်က စတင်ကာ မတ်လ (၁၆)ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား (၄၅)ဦးသေကာ ဒေသကာကွယ်ရေးတပ်များဘက် က ( ၈ )ဦး မစိုးရိမ်ရသည့် ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သားမျာ သေဆုံးစာရင်းကို Tachileik News Agency အနေဖြင့် သီးခြားအတည်မပြုနိုင်ပါ။

အာဏာသိမ်းစစ်ကောင်စီတပ်သားများကို ဖယ်ခုံ PDF 1002 တပ်ရင်း၊ KNDF၊ KA၊ DMO - Local PDF၊ PDF မိုးဗြဲ (1001)၊ 1004၊ 1008၊ 1005၊ SSNRU တို့က ခုခံ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: PDF Pekhon