SSPP/SSA ၏ ဌာနချုပ်တွင် လားဟူ ၊ လီဆူး ယဉ်ကျေးမူ နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ်နှင့် တွေ့ဆုံဂါရဝပြုပွဲ ပြုလုပ်

SSPP/SSA ၏ ဌာနချုပ်တွင် လားဟူ ၊ လီဆူး ယဉ်ကျေးမူ နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ်နှင့် တွေ့ဆုံဂါရဝပြုပွဲ ပြုလုပ်
ဖေဖော်ဝါရီ 16, 2024 | ရှမ်းတောင်

 လားဟူ ၊ လီဆူး ယဉ်ကျေးမူ နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ်နှင့် တွေ့ဆုံဂါရဝပြုပွဲကို  ရှမ်းပြည်နယ်တောင်ပိုင်းဒေသအတွင်း ဝမ်ဟိုင်းရှိ SSPP/SSA ဌာနချုပ်တွင် ပြုလုပ်ကြောင်း သိရသည်။

အဆိုပါ ပွဲတော်ကို ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၁၅)ရက်နေ့က ပြုလုပ်ခြင်း ဖြစ်ပြီး လားရှိုး၊ တန့်ယန်း၊ မိုင်းရှူး၊ ကျေးသီး၊ နမ့်စန်၊ ခိုလမ် နှင့် မိုးနဲမြို့နယ်တို့မှ လားဟူတိုင်းရင်းသား (၂,၇၀၀)ကျော် နှင့် လီဆူတိုင်းရင်းသား (၃၅၀)နီးပါး  စုစုပေါင်း (၃၀၀၀)ကျော် လာရောက်ကြကြောင်း သိရသည်။

ပွဲတော်အတွင်း လားဟူနှင့်လီဆူး တိုင်းရင်းသားများအတွက်  ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA က ကျပ်သိန်း(၇၀၀)လှူဒါန်းပေးလိုက်ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ခုနှစ်တုန်းကလည်း လားဟူ၊ လီဆူး နှင့် မန်းတိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုနှစ်သစ်ကူးပွဲတော် အထိမ်းအမှတ်နှင့် တွေ့ဆုံဂါရဝပြုပွဲတော်ကိုလည်း ကျင်းပပြုလုပ်ခဲ့ဖူးကြောင်း သိရသည်။



#TachileikNewsAgency

 SSPP Info