ရွာငံမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် လူသတ်မှုနှင့် ပစ်ခတ်မှုတို့သည် ရွာငံမြို့ပြပြောက်ကျားတပ်ဖွဲ့(YUG) နှင့် မသက်ဆိုင်ကြောင်း သတင်းထုတ်ပြန်

Photo: Ye-Ngan Urban Guerrillas
Photo: Ye-Ngan Urban Guerrillas
ရွာငံမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် လူသတ်မှုနှင့် ပစ်ခတ်မှုတို့သည် ရွာငံမြို့ပြပြောက်ကျားတပ်ဖွဲ့(YUG) နှင့် မသက်ဆိုင်ကြောင်း သတင်းထုတ်ပြန်
ဇန်နဝါရီ 28, 2022 | ရှမ်းတောင်

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် လူသတ်မှုနှင့် ပစ်ခတ်မှုတို့သည် ရွာငံမြို့ပြပြောက်ကျားတပ်ဖွဲ့(YUG) နှင့် မသက်ဆိုင်ကြောင်း ယနေ့ ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၂၈)ရက်နေ့တွင် YUG က သတင်းထုတ်ပြန်လာသည်။

၂၀၂၂ခုနှစ် ဇန်နဝါရီလ(၂၁)ရက်နေ့က ရွာငံမြို့နယ်၊ နွားဘန်းကြီးကျေးရွာတွင် ဖြစ်ပွားခဲ့သည့် ဦးကောင်း ဆိုသူ သတ်ဖြတ် အလောင်းဖျောက်ခံရမှု အပြင် ဇန်နဝါရီလ(၂၇)ရက်နေ့က ရွာငံမြို့ ဈေးတန်းရပ်ကွက်တွင်း ဖြစ်ပွားသည့် ပစ်ခတ်မှုတို့သည်  ရွာငံမြို့ပြပြောက်ကျားတပ်ဖွဲ့(YUG) နှင့် သက်ဆိုင်ခြင်းမရှိဟု ထုတ်ပြန်ထားခြင်း ဖြစ်သည်။

"၎င်းဖြစ်ပွားခဲ့သော ဖြစ်ရပ်များသည် ကျွန်ုပ်တို့ ရွာငံမြို့ပြပြောက်ကျားတပ်ဖွဲ့ (YNG)နှင့် လုံးဝ လုံးဝ သက်ဆိုင်ခြင်းမရှိပါ။ YNG ၏ လုပ်ဆောင်ချက်များကို တစ်ပတ်တစ်ကြိမ် သို့မဟုတ် တစ်လ တစ်ကြိမ် လူမှုကွန်ယက်စာမျက်နှာပေါ်တွင် တင်ပြပေးသွားမည်ဖြစ်ပါသည်"ဟု အသိပေးရှင်းလင်းထားသည်။

 ရွာငံမြို့ပြပြောက်ကျားတပ်ဖွဲ့(YNG)အနေဖြင့် ၎င်းတို့၏ တော်လှန်ရေးဆောင်ရွက်မှု အခြေအနေများကို ၎င်းတို့၏ တရားဝင် facebook စာမျက်နှာဖြစ်သည့် Ye-Ngan Urban Guerrillas တွင် ဖော်ပြလေ့ရှိသည်ကို တွေ့ရသည်။

#TachileikNewsAgency