တာချီလိတ်မြို့တွင် ယာယီရပ်ဆိုင်းထားသည့် ထုံးဖိုစက်ရုံမှ ကျောက်မီးသွေး မီးခိုးငွေ့ အနံ့ဆိုးများ မြို့ပေါ် ရပ်ကွက်အချို့သို့ ရောက်ရှိလာမှုကြောင့် အသက်ရှုပ်ကြပ်သည်အထိ ဖြစ်ပေါ်

ထုံးဖိုစက်ရုံ
ထုံးဖိုစက်ရုံ
တာချီလိတ်မြို့တွင် ယာယီရပ်ဆိုင်းထားသည့် ထုံးဖိုစက်ရုံမှ ကျောက်မီးသွေး မီးခိုးငွေ့ အနံ့ဆိုးများ မြို့ပေါ် ရပ်ကွက်အချို့သို့ ရောက်ရှိလာမှုကြောင့် အသက်ရှုပ်ကြပ်သည်အထိ ဖြစ်ပေါ်
မတ် 9, 2023 | ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်း ဝမ်လုံးကျေးရွာအုပ်စု၊ လွယ်စတုံအထက်ကျေးရွာအနီးရှိ ထုံးဖိုစက်ရုံမှ ထွက်လာသည့် ကျောက်မီးသွေးမီးခိုးငွေ့များသည်  ယနေ့ ၂၀၂၃ခုနှစ် မတ်လ(၉)ရက်နေ့ ညပိုင်းတွင် မြို့ပေါ်(၁၁)ရပ်ကွက်အနက် ရပ်ကွက်အချို့တွင် ရောက်ရှိလာ၍ အသက်ရှုရခက်သည်အထိ ဖြစ်သွားခဲ့ကြောင်း သိရသည်။ 

"အနံ့က သိသိသာသာ ဆိုးတယ်။ အသက်ရှုပ်ရကြပ်တဲ့အထိ ဖြစ်သွားတယ်။ အရင်ကလည်း တခါရဖူးတယ် ဒီအနံ့ကို"ဟု တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်တွင်းနေသူ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

ထုံးဖိုစက်ရုံမှ အနံ့များသည် ယနေ့ ည(၈)နာရီကျော်တွင် အချိန်(၁)နာရီဝန်းကျင်အကြာ သိသိသာသာ ရရှိခဲ့ပြီး ဆိုးရွားသည့် အနံ့ဖြစ်စေသည်ဟု ဆိုသည်။



"အနံ့ကတော့ မြောင်းပုပ်အနံ့လိုလို၊ နွားချေအနံ့လိုလိုပဲ၊ အခန်းထဲထိ နံတယ်။ အနံက ဘယ်ကလာမှန်းမသိဘူး"ဟု ဝိန်းကျောက်ရပ်ကွက်တွင်းနေသူ တစ်ဦးက ပြောသည်။

အဆိုပါ အနံ့ဆိုးများကို အဓိက အားဖြင့် ရန်အောင်မြေရပ်ကွက်၊ ဝိန်းကျောက်ရပ်ကွက် နှင့် လားဟူဈေးအနီးဝန်းကျင်တို့တွင် ရရှိကြောင်း သိရသည်။



ထုံးဖိုစက်ရုံတွင် ထုံးကျောက်တစ်တန်လျှင် ကျောက်မီးသွေး ကီလို(၂၀၀)ထည့်ပြီး စက်လည်ပတ်ရကြောင်းနှင့် စက်ရုံမှ ထွက်ရှိလာသည့် ထုံးအသန့်များကို ရွှေချက်လုပ်သည့်နေရာတွင် အသုံးပြုရန်အတွက် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

 ၂၀၂၂ခုနှစ်၏ နိုဝင်ဘာလ(၁၆)ရက်နေ့က တာဝန်ရှိသူများ သွားရောက် စစ်ဆေးပြီး စက်ရုံအား ယာယီရပ်ဆိုင်းရန် ညွှန်ကြားခဲ့စဉ်



 

အဆိုပါ ထုံးဖိုစက်ရုံမှ အနံ့ဆိုးများသည့် ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၏ နိုဝင်ဘာလအတွင်းက ဆိုးဆိုးရွားရွား ထွက်ပေါ်လာမှုများကြောင့် တာချီလိတ်ခရိုင်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အပါအဝင် စည်ပင်၊ မြေစာရင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန နှင့် ရဲတပ်ဖွဲ့တို့က နိုဝင်ဘာလ(၁၆)ရက်နေ့က သွားရောက်စစ်ဆေးခဲ့ကြပြီး စစ်ဆေးကာလအတွင်း လုပ်ငန်းအား ယာယီပိတ်ခိုင်းထားခဲ့ပြီးနောက် ယခု ၂၀၂၃ခုနှစ် မတ်လအတွင်း၌  ပြန်လည် လည်ပတ်လာခြင်း ဖြစ်၍ အနံ့ဆိုးများ ထွက်ပေါ်လာခြင်းဖြစ်သည်။

 ၂၀၂၂ခုနှစ်၏ နိုဝင်ဘာလ(၁၆)ရက်နေ့က တာဝန်ရှိသူများ သွားရောက် စစ်ဆေးပြီး စက်ရုံအား ယာယီရပ်ဆိုင်းရန် ညွှန်ကြားခဲ့စဉ်

၂၀၂၂ခုနှစ်၏ နိုဝင်ဘာလအတွင်းက ထွက်ပေါ်လာသည့် အနံ့ဆိုးများသည် တာချီလိတ်မြို့တွင်းအပြင် တာချီလိတ်နှင့်အနီး ထိုင်းနိုင်ငံ မယ်ဆိုင်မြို့အထိပါ အနံ့ဆိုးရောက်ရှိသွားသည်အထိလည်း ဖြစ်ပေါ်ခဲ့ပြီး အနံ့ဆိုးများမှာ ညပိုင်းများမှသာ ထွက်ရှိကြောင်း သိရသည်။  

 

Ko Zaung is the editor-in-chief of Tachileik News Agency.