တရုတ်လွှတ်တော်က နိုင်ငံတော်ကောင်စီအောက်မှ အဖွဲ့အစည်းများ ပြုပြင်ပြောင်းလဲရန် နှင့် အစိုးရအဖွဲ့သစ်ကို အတည်ပြုရန် မဲခွဲမည်

တရုတ်လွှတ်တော်က နိုင်ငံတော်ကောင်စီအောက်မှ အဖွဲ့အစည်းများ ပြုပြင်ပြောင်းလဲရန် နှင့် အစိုးရအဖွဲ့သစ်ကို အတည်ပြုရန် မဲခွဲမည်
By Mr John

 တရုတ်နိုင်ငံ၏ ဥပဒေပြုလွှတ်တော်က နိုင်ငံတော်ကောင်စီလက်အောက်မှ အဖွဲ့အစည်းများ သို့မဟုတ် အစိုးရအဖွဲ့ ပြုပြင်ပြောင်းလဲရန်နှင့် နောက် (၅) နှစ်အတွက် ဝန်ကြီးချုပ် အပါအဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီးအဖွဲ့သစ်စာရင်းကို ဆုံးဖြတ်ရန် လာမည့်ရက်များအတွင်း မဲခွဲသွားမည်ဟု ၂၀၂၃ခုနှစ် မတ်လ (၄) ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် လွှတ်တော်အစည်းအဝေး အစီအစဥ်အရ သိရှိရသည်။

တရုတ်ပြည်သူ့ကွန်ဂရက် National People's Congress (NPC) နှစ်ပတ်လည် အစည်းအဝေးတွင် လက်ရှိ ဝန်ကြီးချုပ်၏ အစိုးရအဖွဲ့ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာ အပါအဝင် အစီရင်ခံစာများကို ပြန်လည်သုံးသပ်သွားမည်ဟုလည်း လွှတ်တော်ပြောခွင့်ရအမျိုးသားက Wang Chao က သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။ 

ဥပဒေများ မည်သို့ ပြဌာန်းမည်ကို ဆုံးဖြတ်သည့် တရုတ်နိုင်ငံ၏ ဥပဒေပြုရေးဆိုင်ရာ ဥပဒေ Legislative Law ပြင်ဆင်ချက်မူကြမ်းလည်း မတ်လ (၅) ရက်နေ့တွင် စတင်မည့် လွှတ်တော်အစည်းအဝေး၏ အစီအစဥ်၌ ပါဝင်သည်။

မတ်လ (၁၃) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည့် တရုတ်ပြည်သူ့ကွန်ဂရက်ကို အဖွဲ့ဝင် (၃,၀၀၀) နီးပါး တက်ရောက်ကြမည်ဖြစ်ပြီး အစိုးရအဖွဲ့ ထိပ်တန်းအရာရှိသစ်များကို ရွေးချယ်ပြီး အတည်ပြု ထောက်ခံပေးသွားမည်ဟု သိရသည်။ 

တရုတ်ပြည်သူ့ကွန်ဂရက်မှာ အချေအတင် ဆွေးနွေးမှုပုံစံမျိုး မဟုတ်ဘဲ တက်ရောက်လာကြသည့် လွှတ်တော်အမတ်များ သို့မဟုတ် ကွန်ဂရက်အဖွဲ့ဝင်များက ဥပဒေမူကြမ်းများနှင့် အဆိုပြုချက်များကို အတည်ပြု ထောက်ခံမဲပေးရုံသာ ဖြစ်သည်။

ယခုနှစ် တရုတ်ပြည်သူ့ကွန်ဂရက်တွင် ရှီကျင့်ဖျင်၏ တတိယမြောက် (၅) နှစ် သမ္မတသက်တမ်းကို မတ်လ (၁၀) ရက်နေ့ လွှတ်တော်အမတ်များ မဲခွဲချိန်၌ အတည်ပြုသွားမည်ဟု ခန့်မှန်းထားကြသည်။ 

ထို့အတူ နိုင်ငံတော်ကောင်စီ၏ အဖွဲ့အစည်း ပြုပြင်ပြောင်းလဲရန်ကိုလည်း တရုတ်ပြည်သူ့ကွန်ဂရက်က မတ်လ (၁၀) ရက်နေ့တွင် မဲခွဲအတည်ပြုသွားမည်ဟု သိရသည်။

Soruce: Reuters