ဂျပန်နိုင်ငံတွင် နှင်းများထူထပ်စွာကျရောက်မှုကြောင့် လေယာဥ်နှင့် ရထားခရီးစဥ်များ ဖျက်သိမ်းပြီး လမ်များပိတ်ထားခဲ့ရ

ဂျပန်နိုင်ငံတွင် နှင်းများထူထပ်စွာကျရောက်မှုကြောင့် လေယာဥ်နှင့် ရထားခရီးစဥ်များ ဖျက်သိမ်းပြီး လမ်များပိတ်ထားခဲ့ရ
ဖေဖော်ဝါရီ 11, 2023 | နိုင်ငံတကာသတင်း
By Mr John

ဂျပန်နိုင်ငံအတွင်း နေရာအတော်များများတွင် ၂၀၂၃ခုနှစ် ဖေဖေါ်ဝါရီလ (၁၀) ရက်နေ့က နှင်းများထူထပ်စွာ ကျရောက်မှုကြောင့် လေယာဥ်ခရီးစဥ် (၁၀၀) ဖျက်သိမ်းခဲ့ရပြီး ဒါဇင်နှင့်ချီသည့် လမ်းများပိတ်ခဲ့ကာ ရထားခရီးစဥ်များလည်း ရပ်ဆိုင်းခဲ့ရကြောင်း အစိုးရအာဏာပိုင်များနှင့် သက်ဆိုင်ရာ ကုမ္ပဏီများက ပြောသည်။ 

နှင်းထူထပ်စွာ ကျရောက်မှုကြောင့် ANA ၊ Japan Airlines အပါအဝင် ပြည်တွင်းလေကြောင်းလိုင်းများနှင့် အခြား လေကြောင်းလိုင်းများက စုစုပေါင်း လေယာဥ်ခရီးစဥ် (၁၀၀) ကို ဖျက်သိမ်းခဲ့ကြောင်း သိရသည်။

ဂျပန်အလယ်ပိုင်းနှင့် အရှေ့ပိုင်းတွင် အမြန်လမ်းမ (၃၁) ခု၏ လမ်းပိုင်းများ ပိတ်ထားခဲ့ရသည်။ 

ထို့အပြင် တိုကျိုမြို့လယ်ရှိ Tokyo Expressway အမြန်လမ်းထွက်ပေါက် (၅၄) ခုကို ပိတ်ထားခဲ့ကြောင်း ဂျပန်အစိုးရ၏ Ministry of Land, Infrastructure, Transport and Tourism က ပြောသည်။ 

ဂျပန်အလယ်ပိုင်းနှင့် အရှေ့ပိုင်းတွင် ရထားလမ်းကြောင်း တစ်ဒါဇင်ကျော်ကို ရပ်ဆိုင်းထားခဲ့ရကြောင်းလည်း ဝန်ကြီးဌာနက ဆိုသည်။

ဂျပန်နိုင်ငံ၏ အကြီးဆုံး ရထားကုမ္ပဏီဖြစ်သည့် East Japan Railway က တိုကျိုနှင့် အရှေ့မြောက်ပိုင်း Yamagata စီရင်စုကြား ပြေးဆွဲနေသည့် မြန်နှုန်းမြင့် ရထားဝန်ဆောင်မှုကို ဖေဖေါ်ဝါရီလ (၁၀) ရက် နှောင်းပိုင်းတွင် ရပ်ဆိုင်းထားမည်ဟု ပြောသည်။ 

နှင်းထူထပ်စွာကျရောက်မှုကြောင့် Yamato Transport နှင့် Sagawa Express တို့ အပါအဝင် ကုန်စည်ပစ္စည်းပို့ဆောင်ရေးလုပ်ငန်းများက ၎င်းတို့၏ ဝန်ဆောင်မှုများ ဖေဖေါ်ဝါရီလ (၁၁) ရက်နေ့အထိ နှောင့်နှေးကြန့်ကြာနိုင်ကြောင်း ထုတ်ပြန်ထားသည်။

Source: Reuters

Photo: REUTERS/Issei Kato, AFP ,