COVID-19 ကူးစက်ခံရသူ (၅)သိန်းကျော်လာပြီးနောက် ကူးစက်ခံရသူ အများဆုံးနိုင်ငံမှာ အမေရိကန်နိုင်ငံဖြစ်နေပြီး သေဆုံးမှု အများဆုံး နိုင်ငံမှာ အီတလီနိုင်ငံဖြစ်နေ

COVID-19 ကူးစက်ခံရသူ (၅)သိန်းကျော်လာပြီးနောက် ကူးစက်ခံရသူ အများဆုံးနိုင်ငံမှာ အမေရိကန်နိုင်ငံဖြစ်နေပြီး သေဆုံးမှု အများဆုံး နိုင်ငံမှာ အီတလီနိုင်ငံဖြစ်နေ
မတ် 27, 2020
By Tachileik News Agency

COVID-19 ကူးစက်ခံရသူ (၅)သိန်းကျော်လာပြီးနောက် ကူးစက်ခံရသူ အများဆုံးနိုင်ငံမှာ အမေရိကန်နိုင်ငံဖြစ်နေပြီး သေဆုံးမှု အများဆုံး နိုင်ငံမှာ အီတလီနိုင်ငံဖြစ်နေ 

တရုတ်နိုင်ငံ ဝူဟန်မြို့တွင် စတင်ခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်(COVID-19)၏ ကူးစက်ခံရသည့် နိုင်ငံများတွင် တရုတ်နိုင်ငံထက် အမေရိကန်နိုင်ငံက အများဆုံးဖြစ်နေပြီး ၂၀၂၀ခုနှစ် မတ်လ(၂၇)ရက်နေ့တွင် နိုင်ငံအနှံ့၌ ကူးစက်ခံရသူ (၅)သိန်းကျော်လာပြီဖြစ်ကြောင်း သိရသည်။

ကိုရိုနာဗိုင်းရပ်စ်(COVID-19)ကို စတင်တွေ့ရှိခဲ့သည့် တရုတ်နိုင်ငံအတွင်းက ကူးစက်ခံရသူ အရေအတွက်မှာ မတ်လ(၂၇)ရက်နေ့ နံနက်(၁၀)နာရီအချိန်အထိတွင် (၈၁,၇၈၂)ဦးရှိနေပြီး အမေရိကန်နိုင်ငံက (၈၅,၆၅၃)ဦးရှိနေ၍ ကမ္ဘာ့နိုင်ငံများတွင် အမေရိကန်နိုင်ငံက ကူးစက်ခံရမှု အများဆုံးဖြစ်လာနေသည်။၊

ကမ္ဘာ့နိုင်ငံများထဲတွင် ကူးစက်မှုအများဆုံးနိုင်ငံ (၅)နိုင်ငံတွင် အမေရိကန်နိုင်ငံတွင် (၈၅,၆၅၃)ဦး၊ တရုတ်နိုင်ငံတွင်  (၈၁,၇၈၂)ဦး၊ အီတလီနိုင်ငံတွင် (၈၀,၅၈၉)ဦး၊ စပိန်နိုင်ငံတွင် (၅၇,၇၈၆)ဦး နှင့် ဂျာမဏီနိုင်ငံတွင် (၄၃,၉၃၈)ဦး ရှိနေသည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးမှုအများဆုံး ကမ္ဘာ့နိုင်ငံများထဲက နိုင်ငံ(၅)နိုင်ငံဖြစ်သည့် အီတလီနိုင်ငံတွင် (၈,၂၁၅)ဦး၊ စပိန်နိုင်ငံတွင် (၄,၃၆၅)ဦး၊ တရုတ်နိုင်ငံတွင် (၃,၁၆၉)ဦး၊ အီရန်နိုင်ငံတွင် (၂,၂၃၄)ဦး နှင့် ပြင်သစ်နိုင်ငံတွင် (၁,၆၉၆)ဦး ရှိနေ၍ အီတလီနိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ အများဆုံးနိုင်ငံဖြစ်နေသည်။

အရှေ့တောင် အာရှ(၁၀)နိုင်ငံတွင် အများဆုံး ကူးစက်ခံရသည့် နိုင်ငံမှာ မလေးရှားနိုင်ငံဖြစ်နေပြီး ကူးစက်ခံရသူ (၂,၀၃၁)ဦးရှိနေကြောင်း နှင့် အနည်းဆုံးကူးစက်ခံရသည့် နိုင်ငံမှာ မတ်လ(၂၇)ရက်နေ့အထိ အတည်ပြုလူနာ (၅)ဦးတွေ့ရှိထားသည့် မြန်မာနိုင်ငံဖြစ်နေသည်။

မတ်လ(၂၇)ရက်နေ့ နံနက်(၁၀)နာရီခွဲအချိန်အထိ နိုင်ငံအနှံ့တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ စုစုပေါင်း (၅၃၂,၂၅၃)ဦးရှိနေပြီး သက်သာပျောက်ကင်းသွားသူ (၁၂၂,၆၂၇)ရှိသော်လည်း သေဆုံးသူအရေအတွက်မှာ (၂၄,၀၅၇)ဦး ရှိနေသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~