နမ့်ဆန်မြို့နယ်အတွင်း အာဏာသိမ်းစစ်အုပ်စုက ရိက္ခာများ ဖြည့်တင်းနေ၍ တိုက်ပွဲဖြစ်ပွားမည်ကို ဒေသခံများ စိုးရိမ်နေ

နမ့်ဆန်မြို့နယ်အတွင်း အာဏာသိမ်းစစ်အုပ်စုက ရိက္ခာများ ဖြည့်တင်းနေ၍ တိုက်ပွဲဖြစ်ပွားမည်ကို ဒေသခံများ စိုးရိမ်နေ

တအာင်း(ပလောင်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်အတွင်း အာဏာသိမ်းစစ်အုပ်စုက  စားနပ်ရိက္ခာဖြည့်တင်းနေမှုများ လုပ်ဆောင်နေခြင်းကြောင့် ဒေသတွင်း၌ တိုက်ပွဲများ ထပ်မံဖြစ်ပွားလာမည်ကို ဒေသခံများက စိုးရိမ်နေကြကြောင်း သိရသည်။



"စစ်ကောင်စီတပ်တွေက ဒီတိုင်းဘဲ တပ်မှာနေရင် ဘာမှမဖြစ်ဘူး။ အခုသူတို့ သွားလာနေတော့ တိုက်ပွဲဖြစ်မှာကိုဘဲ ကြောက်တယ်။ ပြီးရင်သူတိုက ပြောလို့ရတာ မဟုတ်ဘူး။ စိတ်ကပေါက်ရင် ပေါက်သလို လျှောက်လုပ်နေတာ။အဲဒီစစ်ကြောင်းတွေက မတ်လ( ၂ )ရက်နေ့ကတည်းက သီပေါကနေ တက်လာတာ"ဟု နမ့်ဆန်ဒေသခံ တစ်ဦးက ပြောသည်။ 

ယနေ့ ၂၀၂၃ခုနှစ် မတ်လ(၃)ရက်နေ့၏ နံနက်(၉)နာရီ ဝန်းကျင်အချိန်က အင်အား(၂၀၀)ဝန်းကျင်ရှိသည့် အာဏာသိမ်းစစ်အုပ်စု၏ စစ်ကြောင်းသည် စစ်ကား(၃)စီးအပြည့် ဖြည့်တင်းထားသည် ရိက္ခာများကို သီပေါမြို့မှ နမ္မတူ၊ နမ္မတူမှတဆင့် နမ့်ဆန်မြို့တွင်းသို့ ပို့ဆောင်ပေးနေခြင်းဖြစ်၍ ဒေသခံများအနေဖြင့် စိုးရိမ်နေကြခြင်း ဖြစ်သည်။



"ဒီမနက် ကား( ၃ )စီးနဲ့ ဖြတ်သွားတာ ဟုတ်တယ်။ နမ့်ဆန်ဘက်ကို တက်သွားကြတယ်လို့ ပြောကြတယ်။ အဲစစ်ကြောင်းတွေက အခုထိပြန် မဆင်းလာသေးဘူး။ တစ်ခုခုဖြစ်သွားမှာကိုတော့ စိုးရိမ်ရတယ်"ဟု နမ္မတူ ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

အာဏာသိမ်းစစ်အုပ်စု၏ တပ်သည်  သီပေါ၊ နမ္မတူ၊ နမ့်ဆန်လမ်းမများပေါ် သွားလာ လှုပ်ရှားမှုများ မလုပ်ဆောင်သည်မှာ လနဲ့ချီကြာခဲ့ပြီဖြစ်သော်လည်း ယခုအခါ ၎င်းတို့ကို လမ်းပေါ်တွင် ပြန်လည်တွေ့ရှိရ၍ နမ္မတူဒေသခံများကလည်း စိုးရိမ်နေကြသည်။ 



လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလထဲမှာလည်း နမ့်ဆန်မြို့နယ် ကုန်းသာကျေးရွာတစ်ဝိုက်မှာ စစ်ကောင်စီနဲ့  တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ( Ta'ang National Liberation Army  - TNLA)က တစ်ပတ်တိတိကြာအောင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့တာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ဖြစ်စဉ်တွေရှိခဲ့ပါတယ်။

ပြီးခဲ့သည့် ၂၀၂၂ခုနှစ် ဒီဇင်ဘာလအတွင်းကလည်း နမ့်ဆန်မြို့နယ်အတွင်း ကုန်းသာကျေးရွာဝန်းကျင်တွင် အာဏာသိမ်း စစ်အုပ်စုနှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ( Ta'ang National Liberation Army  - TNLA)တို့ တစ်ပတ်တိတိကြာအောင် တိုက်ပွဲအပြင်း အထန်ဖြစ်ပွားခဲ့မှုများ ရှိခဲ့ခြင်းကြောင်း ဒေသခံများမှာ အိုးပစ် အိမ်ပစ်ကာ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။