ကျောက်မဲတွင် မော်တော်ယာဉ်တစ်စီးကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ပစ်ခတ်၍ အမျိုးသားတစ်ဦး ဒဏ်ရာရ

ကျောက်မဲတွင် မော်တော်ယာဉ်တစ်စီးကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ပစ်ခတ်၍ အမျိုးသားတစ်ဦး ဒဏ်ရာရ
သြဂုတ် 16, 2020
By Tachileik News Agency
ကျောက်မဲတွင် မော်တော်ယာဉ်တစ်စီးကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ပစ်ခတ်၍ အမျိုးသားတစ်ဦး ဒဏ်ရာရ
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ်ရှိ အထက်ရဲရွာရေအားလျှပ်စစ် သွားသည့် ကားလမ်းတွင် သေနတ်ဖြင့် အပစ်ခံရသည့် အမျိုးသားတစ်ဦးသည် ပစ်ခတ်ခံရပြီး (၁၂)နာရီကျော်အကြာ ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၁၆)ရက်နေ့၌   ကျောက်မဲခရိုင်ဆေးရုံသို့ လာရောက်ကုသမှုခံယူနေသဖြင့် ရဲတပ်ဖွဲ့က စစ်ဆေးမှုပြုလုပ်နေကြောင်း သိရသည်။
ဒဏ်ရာရထားသည့် အမျိုးသားမှာ ဦးအိုက်စောဆိုသူဖြစ်ကြောင်း သိရပြီး သြဂုတ်လ (၁၅) ရက်နေ့ ညနေ (၆)နာရီခွဲဝန်းကျင်က ယာဉ်မောင်း ဦးမျိုး၊ စိုင်းနေဦးတို့နှင့်အတူ မော်တော်ယာဉ်တစ်စီးဖြင့် နောင်ချိုမြို့၊ လွယ်စောင်ကျေးရွာအုပ်စု၊ တောင်ခြေကျေးရွာမှနေ၍ ကျောက်မဲမြို့နယ်သို့ ပြန်လာစဉ် ကျောက်မဲမြို့နယ်၊ ကုန်းညှောင့် ကျေးရွာအကျော် အထက်ရဲရွာရေအားလျှပ်စစ်သွားကားလမ်းပေါ်တွင် လက်နက်ကိုင်ထားသည့် ဆိုင်ကယ် (၄)စီးဖြင့် အမျိုးသား (၇)ဦးအဖွဲ့က ကားအား တားမြစ်ရာ ရပ်မပေးဘဲ မောင်းနှင်ထွက်ပြေးလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ လက်နက်ကိုင်ထားသည့်အဖွဲ့က မော်တော်ယာဉ်အား လက်နက်ငယ်များဖြင့် (၁၀)ကြိမ်ခန့် လှမ်းပစ်ခတ်ခံ၍ မော်တော်ယာဉ်ရှေ့ခန်းတွင် လိုက်ပါလာသည့် ဦးအိုက်စောမှာ ချိုင်းအောက်နှင့် လက်မောင်းတွင် သေနတ် ထိမှန်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းနောက် တောင်ခြေကျေးရွာရှိ ဦးအိုက်စော၏နေအိမ်တွင် ညအိပ်ရပ်နားခဲ့ပြီးနောက် သြဂုတ်လ (၁၆)ရက်နေ့ နံနက် (၉)နာရီအချိန်တွင် ကျောက်မဲပြည်သူ့ဆေးရုံသို့ သွားရောက်ကုသမှုခံယူခြင်းဖြစ်ကြောင်း သိရသည်။
ဦးအိုက်စောပစ်ခတ်ခံရမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုပြုလုပ်နေကြောင်း သိရသည်။
  Tachileik News Agency
သတင်း - နေဖြိုးမြင့်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~