လားရှိုးကွန်ပျူတာတက္ကသိုလ်မှ ဆရာ၊ ဆရာမ၊ ဝန်ထမ်းများက Civil Disobedience Campaign စတင်

လားရှိုးကွန်ပျူတာတက္ကသိုလ်မှ ဆရာ၊ ဆရာမ၊ ဝန်ထမ်းများက Civil Disobedience Campaign စတင်
By Tachileik News Agency

စစ်တပ်က နိုင်ငံတော်အာဏာသိမ်းသည်ကို လက်မခံသည့် ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ရှိ ကွန်ပျူတာတက္ကသိုလ်မှ ဆရာ၊ ဆရာမ၊ ဝန်ထမ်းများက Civil Disobedience Campaign တွင် ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၅) ရက်နေ့မှစ၍ လုပ်ဆောင်နေသည်။

“တပ်မတော်က မတရားသဖြင့် ဖမ်းဆီးထားသော နိုင်ငံတော် သမ္မတနှင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ ပြည်သူ့အစိုးရအဖွဲ့တို့အား  ချွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရန်၊ ပြည်သူ့အစိုးရထံ နိုင်ငံတော်အာဏာကို ပြန်၍ လွှဲအပ်ပေးရန်” စသည့်အချက်ကို အဓိက တောင်းဆို၍ Civil Disobedience Campaign တွင် ပါဝင်လာခြင်းဖြစ်သည်။

ထို့ပြင် ပညာရေးစနစ် တိုးတက်မှုအား ရပ်တန့်စေမည့် ဆောင်ရွက်မှုများ ဖြစ်ပါ်လာပါက ပြတ်သားစွာဖြင့် ဆန့်ကျင်ရှုံ့ချကန့်ကွက်မည်ဟု ဖေါ်ပြထားသည်။

Tachileik News Agency