မယ်ဆိုင်ချောင်းက တဆင့် တာချီလိတ်သို့ တရားမဝင် ဝင်ရောက်လာသူကို covid-19 စစ်ဆေးပြီး၍ ဥပဒေ(၂)ခုဖြင့် ဆက်လက်အရေးယူ

မယ်ဆိုင်ချောင်းက တဆင့် တာချီလိတ်သို့ တရားမဝင် ဝင်ရောက်လာသူကို covid-19 စစ်ဆေးပြီး၍ ဥပဒေ(၂)ခုဖြင့် ဆက်လက်အရေးယူ
ဇူလိုင် 20, 2020
By Tachileik News Agency
မယ်ဆိုင်ချောင်းက တဆင့် တာချီလိတ်သို့ တရားမဝင် ဝင်ရောက်လာသူကို covid-19 စစ်ဆေးပြီး၍ ဥပဒေ(၂)ခုဖြင့် ဆက်လက်အရေးယူ

ထိုင်းနိုင်ငံ၊ မယ်ဆိုင်ဘက်မှနေ၍ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့သို့ နယ်စပ်ချောင်းဖြတ်ကူးလာသူများအနက် တတိယမြောက် အရေးယူခံရသူအဖြစ် ကျောက်မဲမြို့မှ အမျိုးသားတစ်ဦးကို ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၂၀) ရက်နေ့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ကူးစက်ရောဂါ ကာကွယ်နှိမ်နှင်းရေးဥပဒေတို့ဖြင့် အရေးယူထားသည်။

သူ့ကို COVID 19 စစ်ဆေးပြီးလို့ အခု လဝကနဲ့ ကျန်းမာရေးက တရားစွဲထားပါတယ်

ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ အသက် (၄၃)နှစ်အရွယ် အမျိုးသားမှာ မယ်ဆိုင်မြို့ဘက်မှနေ၍ နယ်စပ်ချောင်းကို  ဇူလိုင်လ (၁၁)ရက်နေ့က တရားမဝင်ဖြတ်ကူးလာစဉ် တာချီလိတ်ဘက်ရှိ မကာဟိုခမ်းပြည်သူ့စစ်ဂိတ်က ဖမ်းမိထားသဖြင့် မိုးကုတ်တရားရိပ်သာ၌ အသွားအလာကန့်သတ်ထားရှိကာ COVID 19 ဓာတ်ခွဲစစ်ဆေးပြီးနောက် ပိုးမတွေ့ရသဖြင့် ဇူလိုင်လ (၂၀)ရက်နေ့၌ တရားစွဲဆိုလိုက်ခြင်းဖြစ်သည်။

COVID 19 ပျံ့နှံ့မှုမရှိစေရန် ထိုင်းနှင့် မြန်မာ နယ်စပ်ဂိတ်ကို မတ်လ (၂၃) ရက်နေ့ကတည်းက ပိတ်ထားရာ နှစ်နိုင်ငံနယ်စပ်တလျှောက်မှ တရားမဝင် ဖြတ်ကူးမှုများရှိနေခြင်းဖြစ်ရာ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်ခြမ်းတွင် နယ်စပ်တလျှောက် ကင်းလှည့်ခြင်းအား လူအင်အား၊ အထောက်အကူပြုပစ္စည်းများဖြင့် တိုးမြှင့်လုပ်ဆောင်နေသည့်အပြင် အချို့နေရာများတွင် သံဆူးကြိုးကာရံခြင်းများကိုပါ လုပ်ဆောင်လာပြီး တာချီလိတ်ဘက်တွင် နယ်စပ်မှ တရားမဝင် ဖြတ်သန်းလာသူများကို နေရာ (၇)နေရာတွင် စစ်ဆေးခြင်းလုပ်ဆောင်နေကြောင်း သိရသည်။

တာချီလိတ်နှင့် မယ်ဆိုင်ကြား နယ်စပ်ကို တရားမဝင်ဖြတ်သန်း၍ ဖမ်းဆီးခံရသူအရေအတွက်မှာ ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၈) ရက်နေ့မှစ၍ ဇူလိုင်လဆန်းအထိ မယ်ဆိုင်ဘက်တွင် မြန်မာ (၁၁၃)ဦးဖမ်းဆီးအရေးယူခံထားရပြီး တာချီလိတ်ဘက်တွင် မြန်မာ (၃)ဦး ဖမ်းဆီးခံထားရခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~