ယင်းမာပင်မြို့နယ်အတွင်း အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက် မီးရှို့ဖျက်ဆီးမှုကြောင့် မီးဘေးသင့်ခဲ့ရသည့် အိမ်ထောင်စုများအနက် အိမ်ထောင်စု(၂၅၀)စုကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က  ထောက်ပံ့ လှူဒါန်း

ယင်းမာပင်မြို့နယ်အတွင်း အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက် မီးရှို့ဖျက်ဆီးမှုကြောင့် မီးဘေးသင့်ခဲ့ရသည့် အိမ်ထောင်စုများအနက် အိမ်ထောင်စု(၂၅၀)စုကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က  ထောက်ပံ့ လှူဒါန်း
ဖေဖော်ဝါရီ 12, 2023 | 2021 Military Coup| အခြားဒေသများ

 စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ မီးရှို့ခံရသော ဒေသခံများ၏ အိမ်ခြေ ၂၅ဝ အတွက် ဆန်၊ ဆီနှင့် အခြား အခြေစားသောက်ကုန်များကို ကူညီလှူဒါန်းခဲ့ကြောင်း အညာပစ်တိုင်းထောင်လေးများအဖွဲ့က ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်တွင် သတင်းထုတ်ပြန် သည်။

စစ်ကိုင်းတိုင်းအတွင်း အာဏာသိမ်းစစ်အုပ်စု၏ မီးရှို့အကြမ်းဖက် ဖျက်ဆီးမှုကြောင့် မီးဘေးသင့်ခဲ့ရသည့် အိမ်ထောင်စုများစွာထဲက ယင်းမာပင်မြို့နယ် အတွင်းမှ အိမ်ခြေ(၂၅၀)ကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က အဝတ်အစားနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ကူညီလှူဒါန်းပေးကြောင်း ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

အညာပစ်တိုင်းထောင်လေးများအဖွဲ့အနေဖြင့် ယခုလို ထောက်ပံ့မှုအဖြစ် ပထမအကြိမ်တွင် ဆားလင်းကြီးမြို့နယ်အတွင်းမှ အိမ်ထောင်စု(၁၂၈)စု ၊ ဒုတိယအကြိမ်အဖြစ် ဆားလင်းကြီးမြို့နယ်အတွင်းမှ အိမ်ထောင်စု( ၉၃ )စု၊ တတိယအကြိမ်အဖြစ် ဆားလင်းကြီးမြို့နယ်အတွင်းမှ အိမ်ထောင်စု(၈၇)စု၊ စတုတ္ထအကြိမ်အဖြစ် ဆားလင်းကြီးမြို့နယ်အတွင်းမှ အိမ်ထောင်စု (၁၀၀) အပါအဝင် ယခု ပဥ္စမအကြိမ်အဖြစ် ယင်းမာပင်မြို့နယ်အတွင်း အိမ်ထောင်စု (၈၀)စုတို့ကို ထောက်ပံ့လှူဒါန်းခဲ့ပြီးကြောင်း သိရသည်။ 

အညာပစ်တိုင်းထောင်လေးများအဖွဲ့သည် အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်မီးရှို့ဖျက်ဆီးမှုများကြောင့် မီးဘေးသင့်ခဲ့ရသည့် ကျေးရွာများရှိ‌ နေအိမ်များ၏ အိမ်ထောင်စုများကို မီးဖိုချောင်သုံးပစ္စည်းများ ထောက်ပံ့ပေးအပ်သည့်အပြင် စစ်အုပ်စု၏ ဖမ်းဆီးနှိပ်စက်မှုကို မခံနိုင်၍ ထွက်ပြေးရသည့် စစ်ရှောင်ပြည်သူများကိုလည်း အစားအသောက်များ ပေးဝေလှူဒါန်းပေးခြင်းများ ပြုလုပ်နေလျှက်ဖြစ်သည့်အတွက် ပြည်တွင်း ပြည်ပမှ စေတနာရှင် အလှူရှင်များအနေဖြင့် အညာ ပစ်တိုင်းထောင်လေးများအဖွဲ့ ၏ facebook page သို့ ဆက်သွယ်ပြီး လှူဒါန်းနိုင်ကြောင်းလည်း အသိပေးမေတ္တာရပ်ခံထားရှိသည်။

 

#TachileikNewsAgency

Photo: အညာပစ်တိုင်းထောင်လေးများ