ကျောက်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးဖြင့် ရွာအတွင်းသို့ပစ်ခတ်ရာ အရပ်သား ၄ ဦး ဒဏ်ရာရပြီး နေအိမ် ၅ လုံးပျက်စီး

ကျောက်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးဖြင့် ရွာအတွင်းသို့ပစ်ခတ်ရာ အရပ်သား ၄ ဦး ဒဏ်ရာရပြီး နေအိမ် ၅ လုံးပျက်စီး

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်တွင် ၂၀၂၃ခုနှစ် ဩဂုတ်လ (၂၇)ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးနှင့် ပစ်ခတ်မှုကြောင့် ကျေးရွာအတွင်းကျရောက်ပေါက်ကွဲကာ ကလေးအပါအဝင် အရပ်သား(၄)ဦးထိမှန်ဒဏ်ရာရပြီး နေအိမ်(၅)လုံး ပျက်စီးခဲ့ကြောင်း  သိရသည်။

KNLA တပ်မဟာ (၃)နယ်မြေ ကျောက်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ ခလရ(၂၆၄)က ကညင်ကျိုးကျေးရွာအတွင်းသို့ (၁၂၀)မမ လက်နက်ကြီး (၄)လုံး ပစ်ခတ်ခဲ့ရာ ရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

အဆိုပါ လက်နက်ကြီးကြောင့် အရပ်သား ဒေါပြုံးပြုံးရီ (၄၅)နှစ်၊ ဒေါ်စန်းစန်း (၅၂)နှစ်၊ မမေမြတ်နိုးဝေ (၄)နှစ်နှင့်  ဒေါ်စန်းဌေး (၆၆)နှစ်တို့ ဒဏ်ရာရရှိခဲ့ပြီး မစန်ဌေး၏ဒဏ်ရာမှာ ပြင်းထန်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ဦးကျော်မင်းလွင်၊ ဦးထွန်းအေး၊ ဦးကျော်မင်းထက်၊ မမိုးမိုးနှင့် ဦးမောင်စိုးလှိုင်တို့၏ နေအိမ်များလည်း ပျက်စီးခဲ့ကြောင်း ကျောက်ကြီး ရွှေကျင် မုန်းဒေသ စစ်ဘေးဒုက္ခသည်များကူညီစောင့်ရှောက်ရေးအဖွဲ့က ယနေ့ ဩဂုတ်လ (၂၉)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency