ရေစကြိုမြို့နယ်တွင် ရဲတပ်ကြီးတစ်ဦး လက်နက်ခဲယမ်းနှင့်အတူ PDF ထံ အလင်း

ရေစကြိုမြို့နယ်တွင် ရဲတပ်ကြီးတစ်ဦး လက်နက်ခဲယမ်းနှင့်အတူ PDF ထံ အလင်း

 မကွေးတိုင်း ရေစကြိုမြို့နယ် နံသာဟေဝန်ပန်းခြံအတွင်း တပ်စွဲ ထားသည့် ရဲတပ်ကြီးတစ်ဦး လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင် လာကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ၂၀၂၄ခုနှစ် မတ်လ(၁)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

အဆိုပါ ရဲတပ်ကြပ်ကြီးသည် ဖေဖော်ဝါရီလ(၂၉)ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြို့မြို့နယ် ပကဖ နှင့် CDF ဟားခါး B2,C5 တို့နှင့်ဆက်သွယ်ကာ အလင်းဝင်လာခြင်းဖြစ်ကြောင်း သိရသည်။

ရဲတပ်ကြပ်ကြီးသည် ၎င်းကိုင်ဆောင်သော ကာဘိုင်တစ်လက်၊ ကျည်အိမ်နှစ်ခု၊ ကျည်(၁၀၀)တောင့်တို့ဖြင့် ထွက်ပြေးလာခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဘေးကင်းစွာ ခေါ်ဆောင်နိုင်ခဲ့သည်ဟု ဆိုသည်။

ရေစကြိုမြို့နယ်တွင် ပြည်သူ့ရင်ခွင်ခိုလှုံရန်ကျန်ရှိနေသော အရာရှိ အကြပ်စစ်သည်များအနေဖြင့် ရေစကြိုမြို့နယ် ပကဖ ထံ ဆက်သွယ် အလင်းဝင်နိုင်ကြောင်း အသိပေးထားသည်။