တာချီလိတ်မြို့တွင်း လဝကရုံးလမ်း အပါအဝင် လမ်းအချို့တွင် စစ်တပ်နှင့်ရဲ ပူးပေါင်းပြီး ကားဆိုင်ကယ်များကို စစ်ဆေးနေ

တာချီလိတ်မြို့တွင်း လဝကရုံးလမ်း အပါအဝင် လမ်းအချို့တွင် စစ်တပ်နှင့်ရဲ ပူးပေါင်းပြီး ကားဆိုင်ကယ်များကို စစ်ဆေးနေ
ဖေဖော်ဝါရီ 11, 2023 | 2021 Military Coup| ရှမ်းရှေ့

ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ပြည်ထောင်စုနေ့ ကျရောက်မည်ဖြစ်သည့်အတွက် တာချီလိတ်မြို့တွင် စစ်တပ်နှင့်ရဲ အပါအဝင် အဖွဲ့များက မြို့ပေါ် လမ်းနှင့် လမ်းကြားများတွင် ယနေ့ ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၁၁)ရက်နေ့ ည(၇)နာရီခွဲကျော်အချိန်ကစပြီး စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

တာချီလိတ်မြို့ပေါ် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး၏ အချို့နေရာ နှင့် မြို့နယ်လဝကရုံးအနီး မဟာမြတ်မုနိဘုန်းကြီးကျောင်းလမ်း အပါအဝင် လမ်းသွယ်အချို့တွင် ကားနှင့်ဆိုင်ကယ်များကို တားဆီးပြီး စစ်ဆေးမှုများ ပြုလုပ်နေလျှက်ရှိကြောင်း သိရသည်။

ဆက်လက်ပြီး ဂေါက်ကွင်းအဆင်းတလျှောက် နှင့် ရီဂျီနားဂေါက်ကွင်းအနောက်ဘက် ဝမ်မိုင်ရွာသို့ သွားရာလမ်းတွင်လည်း စစ်ဆေးနိုင်သည့်အတွက် ဒေသခံများ သွားလာရာတွင် သတိထားနိုင်ရန်အတွက် ဒေသခံများက အသိပေးပြောကြားလာသည်။

ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို တာချီလိတ်မြို့ရှိ အောင်မြတ်ခန်းမတွင်  နံနက်(၇)နာရီတွင် ကျင်းပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။