တာချီလိတ် နှင့် မယ်ဆိုင်အကြား နယ်စပ်ချောင်းကူးပေးမည်ဟု ငွေလိမ်တောင်း ခံရသည့် မြန်မာ (၄)ဦးနှင့် မျှစ်ချိုးရင်း နယ်ကျွံသွားသည့် မြန်မာ (၃)ဦးကို မယ်ဆိုင်ဘက်ခြမ်း၌ ဖမ်းမိ

တာချီလိတ် နှင့် မယ်ဆိုင်အကြား နယ်စပ်ချောင်းကူးပေးမည်ဟု ငွေလိမ်တောင်း ခံရသည့် မြန်မာ (၄)ဦးနှင့် မျှစ်ချိုးရင်း နယ်ကျွံသွားသည့် မြန်မာ (၃)ဦးကို မယ်ဆိုင်ဘက်ခြမ်း၌ ဖမ်းမိ
ဇူလိုင် 4, 2020
By Tachileik News Agency
တာချီလိတ် နှင့် မယ်ဆိုင်အကြား နယ်စပ်ချောင်းကူးပေးမည်ဟု ငွေလိမ်တောင်း ခံရသည့် မြန်မာ (၄)ဦးနှင့် မျှစ်ချိုးရင်း နယ်ကျွံသွားသည့် မြန်မာ (၃)ဦးကို မယ်ဆိုင်ဘက်ခြမ်း၌ ဖမ်းမိ

ထိုင်းနိုင်ငံ၊ မယ်ဆိုင်ဘက်ခြမ်း၌ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၄)ရက်နေ့က တာချီလိတ်ဘက်သို့ နယ်စပ်ချောင်းဖြတ်ကူး၍ ပို့ဆောင်ပေးမည်ဟုဆိုကာ ငွေလိမ်တောင်းခံရသည့် မြန်မာနိုင်ငံသား (၄)ဦးနှင့် မျှစ်ချိုးရင်း ထိုင်းဘက် နယ်ကျော်သွားသည့် မြန်မာနိုင်ငံသား (၃)ဦးတို့ကို ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးထားကြောင်း သိရသည်။

နယ်စပ်ချောင်းဖြတ်ပြီး ပို့ပေးမယ်ဆိုပြီး ရှမ်းတိုင်းရင်းသား မိသားစု (၄)ဦးကို တစ်ဦးကို ဘတ် (၅၅၀၀)နဲ့ တောင်းပြီး ချောင်းဘေးရောက်တော့ ပို့မပေးဘဲ ထားပစ်ခဲ့ရာက ဖမ်းခံရတယ်ပြောတယ်။ ပို့ပေးမယ် ပြောတဲ့သူက သူတို့လူမျိုးချင်းဆိုတော့ ယုံပြီး ငွေပေးတာကို ဓာတ်ပုံလေး ဘာလေးကို ရိုက်မထားတော့ မမှတ်မိဘူးပြောတယ်။ အဲဒါ ချောင်းဘေးမှာ စစ်တပ်ကတွေ့တော့ စစ်ဆေးတာမှာ အထောက်အထားတွေရော ပါတဲ့အတွက် ကျွန်တော်တို့ဆီကို လာပို့ပေးထားတာ။ သူတို့ကို နယ်စပ်ဖြတ်ပြန်ဖို့ သံရုံးကို စာရင်းသွင်းပေးထားပါပြီ။ နောက် အာခါသားအမိ (၃)ဦးကတော့ မျှစ်ချိုးရင်း နယ်ကျွံသွားတာလို့ ပြောတယ်။ မျှစ်ခြင်းကြီးနဲ့ စစ်တပ်က လိုက်ဖမ်းတော့ ထွက်ပြေးရင်း ဒဏ်ရာတွေလည်းရလို့။ အထောက်အထား မပါတဲ့သူတွေဆိုပြီး ကျွန်တော်တို့ဆီ လာပို့တော့ မေးကြည့်တာမှာ အိမ်ကနေ မျှစ်ချိုးဖို့ ထွက်လာကြသူတွေဆိုတာ သိတော့ စစ်တပ်က မူလလိုက်ဖမ်းတဲ့နေရာ သွားပြန်ပို့ပေးတယ် ပြောတယ်

ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးရုံး၏ မြန်မာ - ထိုင်း ဆက်ဆံရေးတာဝန်ခံ ဦးထွန်း(မယ်ဆိုင်)က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မယ်ဆိုင် - တာချီလိတ် နယ်စပ်ချောင်းကို တရားမဝင်ဖြတ်သန်းသွားနေသူများကို မယ်ဆိုင်ဘက်ခြမ်းတွင် လုံခြုံရေးတိုးမြှင့်ဖမ်းဆီးနေခြင်းအပြင် ချောင်းကိုဖြတ်ကူးပေးမည်ဟုဆိုကာ ငွေကြေးလိမ်လည်တောင်းခံမှုများလည်း ရှိနေကြောင်း သိရသည်။

မယ်ဆိုင် - တာချီလိတ်လမ်းကြောင်းမှ နေရပ်ပြန်လိုသူများကို မယ်ဆိုင်ဘက်ရှိ ဓမ္မစကူးလ်ကျောင်းတွင် ယာယီလက်ခံထားသည့်အပြင် နေရပ်ပြန်လိုသူများ အလုပ်သမားသံအရာရှိရုံးထံ  စာရင်းပေးသွင်းရေးအတွက်ကိုလည်း နေ့စဉ်နံနက်(၉) နာရီမှ ညနေ(၅) နာရီအထိ ဦးထွန်း-မယ်ဆိုင်(089-637-6367) နှင့် ဦးသန်းထွန်းအောင် (TBC) (090-053-2430)တို့က စာရင်းလက်ခံပေးနေခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်
ဓါတ်ပုံ - ဦးထွန်း(မယ်ဆိုင်)


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~