ကနီမြို့နယ်တွင် အာဏာသိမ်းစစ်အုပ်စု၏ ထောက်ပို့သင်္ဘောကို သိမ်းပိုက်၊ လက်နက်ခဲယမ်းနှင့် ရိက္ခာများစွာ ရရှိ

သိမ်းပိုက်ရရှိလိုက်သည့် အာဏာသိမ်းစစ်အုပ်စု၏ ထောက်ပုံသင်္ဘော [ Photo:   KLG PDF ]
သိမ်းပိုက်ရရှိလိုက်သည့် အာဏာသိမ်းစစ်အုပ်စု၏ ထောက်ပုံသင်္ဘော [ Photo: KLG PDF ]
ကနီမြို့နယ်တွင် အာဏာသိမ်းစစ်အုပ်စု၏ ထောက်ပို့သင်္ဘောကို သိမ်းပိုက်၊ လက်နက်ခဲယမ်းနှင့် ရိက္ခာများစွာ ရရှိ
ဖေဖော်ဝါရီ 10, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်း ကနီမြို့နယ်၊ သပြေတောရွာအနီးတွင် သောင်တင်နေသည့် အာဏာသိမ်းစစ်အုပ်စု၏ ထောက်ပို့သင်္ဘောတစ်စီးကို သိမ်းပိုက်ခဲ့ရာ လက်နက်၊ ခဲယမ်းနှင့် ရိက္ခာများ သိမ်းဆည်းရရှိခဲ့ကြောင်း ကျောက်လုံးကြီး KLG PDF က ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ(၁၀)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

အဆိုပါ သောင်တင်နေသည့် သင်္ဘောကို ဒေသကာကွယ်ရေးတပ်များက ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ(၃၁)ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး အာဏာသိမ်း စစ်အုပ်စု၏ တပ်သားများ ထိခိုက်သေဆုံးသူရှိကာ သင်္ဘောတစ်စီးဖြင့် ထွက်ပြေးသွားကြသည်ဟု သိရသည်။

သင်္ဘောပေါ်မှ ဒီဇယ်၊ ဆန်၊ ဆီ၊ ဆားနှင့် လက်နက်ခဲယမ်းများကို သိမ်းဆည်းရရှိခဲ့ပြီး သင်္ဘောပေါ်မှ ပစ္စည်းများကို ယနေ့‌ ဖေဖော်ဝါရီ လ(၁၀)ရက်မှသာ အကုန် သိမ်းယူပြီးစီးသည့်အတွက် ယနေ့မှ သတင်းထုတ်ပြန်ရခြင်း ဖြစ်ကြောင်း သိရသည်။ 

တိုက်ခိုက်မှုကို ကျောက်လုံးကြီး KLG PDF၊ နဂါးညီနောင်အဖွဲ့၊ Alpha အဖွဲ့၊ ချင်းတွင်းဂဠုန်ရာဇာ၊ ယင်းမာပင် PDA၊ ဗိုလ်နှုတ် ခမ်းမွှေးအဖွဲ့၊ ဗျတ္တညီနောင်၊ ချိုမိုင်မိုင်အဖွဲ့၊ မြောက်ယမားအဖွဲ့၊    ခရိုင်းတပ်ရင်း ၁၊ ခရိုင်တပ်ရင်း ၂ နှင့် ကနီ-ယင်းမာပင်- ဆားလင်းကြီး မဟာမိတ်ညီနောင်များက ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။