အမျိုးသားညီညွတ်ရေးအစိုးရနှင့် KIA တို့ ကြားကာလပြည်သူ့အုပ်ချုပ်ရေးဆိုင်ရာ တွေ့ဆုံဆွေးနွေး

 ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၀)ရက်နေ့တွင် အွန်လိုင်းစနစ်ဖြင့် တွေ့ဆုံဆွေးနွေးစဉ် ( Photo: NUG )
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၀)ရက်နေ့တွင် အွန်လိုင်းစနစ်ဖြင့် တွေ့ဆုံဆွေးနွေးစဉ် ( Photo: NUG )
အမျိုးသားညီညွတ်ရေးအစိုးရနှင့် KIA တို့ ကြားကာလပြည်သူ့အုပ်ချုပ်ရေးဆိုင်ရာ တွေ့ဆုံဆွေးနွေး
ဖေဖော်ဝါရီ 10, 2022 | အခြားဒေသများ

အမျိုးသားညီညွတ်ရေးအစိုးရ၏ ဝန်ကြီးဌာနများနှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တို့ ယနေ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၀)ရက်နေ့က တွေ့ဆုံကာ အုပ်ချုပ်ရေး၊ အခွန်ကိစ္စတို့ကို ဆွေးနွေးကြောင်း NUG အစိုးရ၏ ထုတ်ပြန်ချက်အရ သိရသည်။

နယ်မြေစိုးမိုးမှုရရှိထားသည့် ဒေသများတွင် ပြည်သူ့အုပ်ချုပ်ရေးဖေါ်ဆောင်ရန် အုပ်ချုပ်ရေး၊ စီမံရေး၊ တရားစီရင်ရေးနှင့် အခွန်ကောက်ခံရေးကိစ္စများကို ဆွေးနွေးကြကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်တို့အပြင်  ပြည်ထောင်စုဒုဝန်ကြီးများ၊ အတွင်းဝန်များနှင့် ရုံးအဖွဲ့၊ အမှတ် (၁) စစ်ဒေသ စစ်ဒေသမှူး၊ ခရိုင်၊ မြို့နယ် ပအဖ၊ ပကဖ တာဝန်ခံများ၊ ဒုတိယတာဝန်ခံများလည်း တက်ရောက်ကြသည်ဟု သိရသည်။

ကြားကာလပြည်သူ့အုပ်ချုပ်ရေးဖေါ်ဆောင်ရေးအတွက် ဆွေးနွေးကြခြင်းဖြစ်ပြီး KIA ၏ ပြည်သူ့အုပ်ချုပ်ရေးဆိုင်ရာ အတွေ့အကြုံများကို မျှဝေဆွေးနွေးကြကြောင်း သိရသည်။