KIO ခေါင်းဆောင်ကြီးများ ဦးဆောင်ပြီး  တိုင်းရင်းသားအင်အားစုများနှင့် လက်တွဲဆောင်ရွက်နေသည့်အတွက်  မကြာမီ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ရောက်ရှိမည်ဟု NUG ဆို

KIO ခေါင်းဆောင်ကြီးများ ဦးဆောင်ပြီး  တိုင်းရင်းသားအင်အားစုများနှင့် လက်တွဲဆောင်ရွက်နေသည့်အတွက်  မကြာမီ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ရောက်ရှိမည်ဟု NUG ဆို
အောက်တိုဘာ 25, 2023 | 2021 Military Coup| အခြားဒေသများ

ပြည်သူ့နွေဦးတော်လှန်ရေးအတွင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO)မှ ကချင်အမျိုးသားခေါင်းဆောင်ကြီးများ ဦးဆောင်ပြီး အခြားတိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအင်အားစုများနှင့် လက်တွဲဆောင်ရွက်နေသည့်အတွက် မကြာမီ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံတော်သစ်သို့ ရောက်ရှိနိုင်တော့မည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ထုတ်ပြန်ထားသည်။

ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၂၅)ရက်နေ့တွင် ကျရောက်သည့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဖွဲ့စည်းတည်ထောင်ခြင်း (၆၃)နှစ်ပြည့် အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ပေးပို့သည့် သဝဏ်လွှာတွင် ယင်းသို့ ပါရှိခြင်းဖြစ်သည်။

သဝဏ်လွှာတွင် ယခုပြည်သူ့နွေဦးတော်လှန်ရေးအတွင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO)မှ ကချင်အမျိုးသားခေါင်းဆောင်ကြီးများ ဦးဆောင်ပြီး မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူများအပါအဝင် အခြားတိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအင်အားစုများနှင့် လက်တွဲဆောင်ရွက်နေသည့်အတွက် မကြာမီ အနာဂတ်ကာလများတွင် ကချင်အမျိုးသားတို့ လိုလားတောင့်တနေကြသည့် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် အပြည့်အဝ အာမခံချက်ရှိသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတော်သစ်သို့ ရောက်ရှိနိုင်တော့မည်ဖြစ်ကြောင်းနှင့် လွတ်မြောက်ရေး ကြိုးပမ်းမှုအတွင်း မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့ကြသည့် ကချင်တိုင်းရင်းသားများအားလုံးအတွက် ဦးညွှတ်အလေးပြုကြောင်း ဖော်ပြထားသည်။

#TachileikNewsAgency

Photo : National Unity Government of Myanmar