တာချီလိတ်အနီး မယ်ဆိုင်ဘက်တွင် မူးယစ်ဆေး သယ်ဆောင်သူများနှင့် ထိုင်း ပစ်ခတ်မှုဖြစ်ပြီး (၄)ရက်အကြာတွင် ရေထဲက အလောင်း(၇)လောင်း တွေ့ရှိ

တာချီလိတ်အနီး မယ်ဆိုင်ဘက်တွင် မူးယစ်ဆေး သယ်ဆောင်သူများနှင့် ထိုင်း ပစ်ခတ်မှုဖြစ်ပြီး (၄)ရက်အကြာတွင် ရေထဲက အလောင်း(၇)လောင်း တွေ့ရှိ
ဖေဖော်ဝါရီ 27, 2020
By Tachileik News Agency

တာချီလိတ်အနီး မယ်ဆိုင်ဘက်တွင် မူးယစ်ဆေးသယ်ဆောင်သူများနှင့် ထိုင်း ပစ်ခတ်မှုဖြစ်ပြီး (၄)ရက်အကြာတွင် ရေထဲက  အလောင်း(၇)လောင်း တွေ့ရှိ 

မြန်မာ ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့နှင့် မျက်နှာချင်းဆိုင်ရှိ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့၊ ကော့ချန်းဒေသတွင် နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးသယ်သူများနှင့် ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် နေရာအနီးရှိ ချောင်းတစ်ခုအတွင်း အလောင်း (၇)လောင်းကို ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၇)ရက်နေ့ နံနက်ပိုင်းက တွေ့ရှိကြောင်း သိရသည်။

အလောင်းများတွေ့ရသည့် နေရာမှာ ဖေဖေါ်ဝါရီလ (၂၄)ရက်နေ့ ညပိုင်းက နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးသယ်သည့် လူ (၂၀)ဝန်းကျင်အဖွဲ့နှင့် ထိုင်းနယ်ခြားစောင့်တပ်အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် နေရာမှ (၁)ကီလိုမီတာအကွာတွင်ရှိပြီး ဖေဖေါ်ဝါရီလ (၂၇)ရက်နေ့၌ အလောင်း (၇)လောင်း မျောနေသည်ကို တွေ့ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသူများသည် အဝတ်အစားမှာ မူးယစ်ဆေးသယ်သူများ ဝတ်လေ့ရှိသည့် ဝတ်စုံများဖြစ်သည်ဟု ထိုင်းရဲတပ်ဖွဲ့က မှတ်ချက်ပြုပြီး မြန်မာနိုင်ငံသားများဖြစ်မည်ဟုလည်း ယူဆထားကာ အလောင်းတွေ့ရှိရသည့် နေရာသို့ မယ်ဆိုင်မြို့ပိုင် အပါအဝင် တာဝန်ရှိသူများမှ သွားရောက် ကြည့်ရှုပြီး အသေးစိတ်စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

၎င်းတို့မှာ ပစ်ခတ်မှုအတွင်း ရရှိခဲ့သည့်ဒဏ်ရာများဖြင့် ရေချောင်းအားကူး၍ ထွက်ပြေးရန် ကြိုးစားစဉ် သေဆုံးခဲ့ခြင်းဖြစ်နိုင်သည်ဟု ယူဆထားပြီး သေဆုံးရသည့် အကြောင်းရင်းကိုသိရှိနိုင်ရန်အတွက် အလောင်းများကို စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

တာချီလိတ်မြို့ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုနှင့် ရန်အောင်မြေရပ်ကွက်တစ်လျှောက် မျက်နှာချင်းဆိုင်ရှိ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ ကော့ချန်းဒေသတွင် ဖေဖေါ်ဝါရီလ (၂၄) ရက်နေ့ ည (၉) နာရီဝန်းကျင်က မူးယစ်ဆေးသယ်သည့်အဖွဲ့နှင့် ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့တို့ကြား မိနစ်(၂၀)ဝန်းကျင်အကြာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ဖေဖေါ်ဝါရီလ (၂၅)ရက်နေ့ နံနက်ပိုင်းအထိ ထိုင်းတပ်ဖွဲ့များက ပစ်ခတ်မှုအနီးဝန်းကျင်၌ ရှာဖွေရာ စိတ်ကြွဆေးပြားပေါင်း (၂,၂၅၂,၀၀၀) ပြားနှင့် အိုက်စ်(Methamphetamine) (၁၄) ကီလိုဂရမ်တို့ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
photo: Chiangraireport
အောက်ပါ ပုံများမှာ ဖေဖော်ဝါရီလ(၂၅)ရက်နေ့ နံနက်ပိုင်းက သိမ်းဆည်းရမိသည့် မူးယစ်ဆေး ပုံများ

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~