လားရှိုးမြို့တွင် ဌာနဆိုင်ရာနှင့်လူထုတွေ့ဆုံပွဲ ကျင်းပစဉ် ခရိုင်ဦးစီးမှူး၏ ဆိုင်ကယ် ပျောက်ဆုံး

လားရှိုးမြို့တွင် ဌာနဆိုင်ရာနှင့်လူထုတွေ့ဆုံပွဲ ကျင်းပစဉ် ခရိုင်ဦးစီးမှူး၏ ဆိုင်ကယ် ပျောက်ဆုံး
ဖေဖော်ဝါရီ 26, 2020
By Tachileik News Agency
လားရှိုးမြို့တွင် ဌာနဆိုင်ရာနှင့်လူထုတွေ့ဆုံပွဲ ကျင်းပစဉ် ခရိုင်ဦးစီးမှူး၏ ဆိုင်ကယ် ပျောက်ဆုံး

ရှမ်းပြည်နယ်( မြောက်ပိုင်း ) လားရှိုးမြို့တွင် ၂၀၂၀ ခုနှစ်အတွက် ပထမဆုံး ဌာနဆိုင်ရာနှင့် လူထုတွေ့ဆုံပွဲကို ဖေဖေါ်ဝါရီလ (၂၆)ရက်နေ့က ကျင်းပနေစဉ် တွေ့ဆုံပွဲအခမ်းနားကျင်းပသည့် မြို့တော်ခန်းမရှေ့ရပ်ထားသည့် ခရိုင်ဦးစီးမှူး၏ ဆိုင်ကယ် ပျောက်ဆုံးသွားကြောင်း သိရသည်။

ဆိုင်ကယ်က ပျောက်သွားတာ ဟုတ်ပါတယ်။ မှားစီးသွားတာလား ခိုးခံရတာလား မသေချာသေးဘူး။ နယ်ထိန်းတပ်ဖွဲ့ဝင်တွေကတော့ အခုထိ အဲဒီဆိုင်ကယ်နဲ့ ပတ်သက်ပြီး လိုက်လံရှာဖွေနေကြပါတယ်

ဟု လားရှိုးမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်း အေဂျင်စီသို့ ညနေ (၆)နာရီဝန်းကျင်တွင် ပြောသည်။

အဆိုပါ လူထုတွေ့ဆုံပွဲသို့ လားရှိုးရှိ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ခြင်းဖြစ်ပြီး အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး၏ KANDA အမျိုးအစား လိုင်စင်ပါ ဆိုင်ကယ်တစ်စီး ပျောက်ဆုံးသွားခြင်း ဖြစ်သည်။

လူထုတွေ့ဆုံပွဲသို့ လားရှိုးမြို့ရှိ  ဌာနအသီးသီးမှ တာဝန်ရှိသူများနှင့် ဒေသလူထု စုစုပေါင်း (၁၅၀) ဝန်းကျင် တက်ရောက်ကြပြီး နေ့လယ် (၁) နာရီမှ ညနေ (၅) နာရီအထိ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - နေဖြိုးမြင့်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~