ခမရ ၁၂၉ တပ်ရင်း တစ်ရင်းလုံးအလင်းဝင်

ခမရ ၁၂၉ တပ်ရင်း တစ်ရင်းလုံးအလင်းဝင်
နိုဝင်ဘာ 14, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသ အထူး (၁)၊ ရှီးရှမ်းဒေသ၊ မန်လော်ရွာအုပ်စု၊ ရန်ခွမ့်ရွာတွင် အခြေချတပ်ရင်းတစ်ခုဖြစ်သော ဒကစ (လောက်ကိုင်) လက်အောက်ခံ တပ်ရင်း ခမရ (၁၂၉)မှ တပ်ရင်းမှူး ဗိုလ်မှူး ကျော်ရဲအောင် ဦးဆောင်သည့် တပ်ရင်းတစ်ရင်းလုံးနှင့် တပ်မိသားစုဝင်များအားလုံး ညီနောင်မဟာမိတ် (၃)ဖွဲ့ထံသို့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၁၂)ရက်နေ့က အလင်းဝင်လာကြောင်း သိရသည်။

ဝင်ရောက်လာကြသူ တစ်ဦးချင်းစီအား မြန်မာကျပ်ငွေ (၁၀)သိန်း ၊ ၎င်းတို့၏ မိသားစုဝင်တစ်ဦးချင်းစီအား တစ်ဦးလျှင် ကျပ်(၁)သိန်းစီ ချီးမြှင့်ပေးအပ်ခဲ့ပြီး ကျန်းမာရေးချို့ယွင်း၊ ကျန်းမာရေးမကောင်းသူများကိုလည်း အခမဲ့ ကျန်းမာရေးဝန်ဆောင်မှု စောင့်ရှောက်ပေးခဲ့ကာ ၎င်းတို့သွားလိုရာနေရာဒေသ အသီးသီးသို့လည်း လုံခြုံစွာ ပို့ပေးထားခဲ့ပြီးဖြစ်သည်ဟု သိရသည်။

တပ်ဖွဲ့ဝင် (၁၂၆)ဦးနှင့်အတူ တပ်ဖွဲ့ဝင်များ၏ မိသားစု၊ သား၊ သမီး၊ ညီအစ်ကိုမောင်နှမ (၁၃၄)ဦးပါဝင်ပြီး စစ်ဘက်အရပ်ဘက် စုစုပေါင်း (၂၆၂) ဦးတို့၏ အသက်၊ အန္တရာယ်ကို ငဲ့ညာထောက်ထားသောအားဖြင့် တပ်ရင်းတစ်ရင်းလုံးကို ဦးဆောင်ခေါ်ယူနိုင်ခဲ့သော တပ်ရင်းမှူး ဗိုလ်မှူး ကျော်ရဲအောင်အား မှတ်တမ်းတင်ဂုဏ်ပြုကြောင်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo : 3 Brotherhood Alliance